Part-4

125 15 9
                                    

ထိုအနွေးလုံးလေအား အိမ်သို့ခေါ်လာခဲ့ပြီးနောက်...

"ကျွန်တော်က အခန်းတစ်ခန်းယူမှာနော်"

"မရပါဘူးခင်ဗျာ ကျွန်တော့်ကျန်းမာရေးအတွက်ကျွန်တော်နဲ့တစ်ခန်းနဲ့နေရမှာပါ"

"ဟာ အဲ့လိုမရဘူးလေဗျ ဟို"ဒိုယောင်းငြင်းနေရင်းဘဲ ဆေးရုံအုပ်မျက်နှာနဲ့ နိုင်ငံအတွက်ဆိုတာတွေးမိပြီးစိတ်လျှော့လိုက်ပါတော့တယ်။

"ရတယ်ဗျာ ရတယ်"

စိတ်ရှုပ်သွားသောမျက်နှာလေးနဲ့ ခါနဲမိုတိုကို ဖြစ်သလိုပြောသွားသောအကောင်ပေါက်လေးဟာ သူ၏နှလုံးနေရာကိုကျီစားနေသလားပါဘဲ။

"ဒါနဲ့ မင်းရဲ့အသက်က"

"25"

"အော့် ကိုယ်က 30ကိုတစ်နှစ်ကလေးစွန်းနေတယ်ဗျာ အဘိုးကြီးလို့တော့မထင်လိုက်နဲ့နော် ကျုပ်စွမ်းဆောင်နိုင်တာ မသိရင် စမ်းသပ်ကြည့်မလား"

"ဟာ ဒီမှာ ခင်ဗျားဘာတွေပြောနေတာလဲ ကျွန်တော့်ကို အခန်းထဲလိုက်ပို့"

"အို့ အလျင်လိုလှချည်လား"

ကင်မ်ဒိုယောင်းရဲ့မျက်နှာဟာရှက်သွေးဖြာရလွန်းလို့ပေါက်ထွက်တော့မလို။ဒီလူက အထက်လူကြီးသာဆိုတယ်တအားမြင်ပြင်းကပ်စရာကောင်းပါ့"

"မင်းစိတ်ထဲကနေကိုယ့်ကိုကျိန်ဆဲနေတာလား"

ကင်မ်ဒိုယောင်းလဲ ခါနဲမိုတိုကိုခပ်စူစူးတစ်ချက်သာကြည့်၍ အိမ်အပေါ်ထပ်ဆီသို့သာ။

"ဟားဟား ဘာလေးလဲဘာလေးလဲ နဂါးသာဆို ခါနဲမိုတိုရဲ့နှလုံးသားကြီးပြာကျတော့မယ်ကွ ဟား"

_______________________

ထမင်းစားခန်းတွင်

"မင်းအကြိုက်ဟင်းတွေများရှိရင်ဒီကကြီးကြီးတို့ကို ပြောထားလို့ရတယ်နော် ကင်မ်ဒိုယုန်ရှီး"

"ကင်မ်ဒိုယောင်းပါ" ခါနဲမိုတိုကိုဂရုမစိုက်စွာထမင်းစားနေသောအကောင်ပေါက်ကထိုမှဘဲသူ့ကိုကြည့်၍စကားပြောတော့သည်။

"ဟုတ်ပြီ ပီရိုထုန်ထုန်"

"ခင်ဗျား.... ကျွန်တော်ပြီးပြီ"

အဟင်း...

________________

ကင်မ်ဒိုယောင်းမယ် သူ့ကျန်းမာရေးကိုဂရုစိုက်ရမယ်သာပြောတယ်။ဒေါင်ဒေါင်မြည်နေပြီး စကားကိုပလီပလာပြောတတ်တဲ့ထိုလူသားက လူမမာဘယ်တော့မှဖြစ်နိုင်မည်မဟုတ်။

"ဆေးရုံအုပ်ကလဲ ဘာလို့ငါ့ကိုမှခိုင်းရလဲမသိ"

ကင်မ်ဒိုယောင်းလဲမကျေမနပ်ရေရွတ်ရင်းဘဲ သူ့အတွက်ဟုပြင်ဆင်ပေးထားသောအိပ်ရာဆီသိူ့ခေါင်းချအိပ်စက်ခြင်းဆီသို့။

ချလောက်

"အိပ်သွားပြီဘဲ ဒီတစ်ခါ ကိုရီးယားကိုလာတာ မှန်သွားပြီ ပြန်ရင်တော့ ဒီအနွေးထုပ်ကိုတစ်ခါထဲခေါ်သွားရမယ် ဖိုက်တင်းခါနဲမိုတိုယိုရှီနိုရီ"

ဗိုလ်ချုပ်လို့ထင်ရက်စရာကိုမရှိ။။။။

               ×××

You've reached the end of published parts.

⏰ Last updated: Aug 24 ⏰

Add this story to your Library to get notified about new parts!

မောင့်ကြင်နာရပ်ဝန်းငယ်Where stories live. Discover now