Part (33)

4.1K 331 51
                                    

[Unicode]

"ကျနော့်မှာ ဟင့်! ကင်မ်နဲ့ရတဲ့ကိုယ်၀န်ရှိနေပြီ "

"ဘာ"

အာမေဍိတ်ပင်ထွက်မိသည်အထိ အံ့ဩသင့်ရသည်။ဒါကတိုက်ဆိုင်တာလား လုပ်ကြံမူလားမသဲကွဲဘူး။ ဒီနေ့မှ ရင်သွေးရှိမှန်းလူတွေကိုအသိပေးခဲ့တာလေ။ 

"ငါတို့ကဘယ်လိုယုံရမှာလဲ ဟေ့ကောင်"

ဂျီမင်းက အရှေ့ကနေကာ၍ရပ်ပြောသည်။ မောင်သူတို့ပြောနေတာတွေက မဟုတ်ဘူးမလား။ မောင်ကအနောက်တွင်ရပ်၍ငြိမ်နေသည်။

"ဒီမှာ DNAနဲ့ အဖြေလွှာ..ကင်မ်ရဲ့သွေးသားဆိုတာ ဒီလောက်ဆို လက်ခံနိုင်မယ်ထင်တယ်"

ဆေးစာရွက်ကို ထိုးပေးလာသော ဂျီဝူး။ တုန်ယီနေသောလက်တွေက တကယ်မဟုတ်ပါစေနဲ့ ဆုတောင်းရင်းနှင့်။

"မောင်"

လက်ထဲကဆေးစာရွက်တွေအားဆွဲယူကာ ဆုတ်ဖြဲလိုက်သောသူ။

"မင်းကိုငါတစ်ကြိမ်တောင် မလိုးထားဘူး ငါမသတ်ခင် ထွက်သွားလိုက် "

"ဒါဆို ဒီဗီဒီတွေကကော သက်သေများလားကင်မ်"

ဂျီဝူးကအားလုံးကိုအကွက်ချပြီးသားဖြစ်နေသည်။ မောင်မျက်ခုံးတွေက ကျုံ့သွားသည်။ ကြားထဲကဂျွန်သာလျင်လဲ တုန်လူပ်နေရတာဖြစ်သည်။

လက်ထဲသို့ထပ်၍ ထိုးပေးလာသော ဖုန်းမျက်နှာပြင်။ လက်တွေသည် အင်္ကျီ‌အောက်စကိုလုံးခြေလို့ တင်းတင်းဆုပ်ကိုင်ထားမိသည်။

"မောင်"

ကွက်ကွက်ကွင်းကွင်းမြင်ရပါသော မောင့်ရဲ့မျက်နှာ။ မက်မောစွာနမ်းရိူက်နေပါသော မောင့်နူတ်ခမ်းတွေ။ သားရဲတစ်ကောင်လို ကြမ်းတမ်းနေသော မောင့်အသွင်။

"သက်လှယ်မဟုတ်ဘူးကွာ! တောက်စ်! မင်း! "

ဂျွန့်အား ကျော်၍ဂျီဝူးအား ဒေါသတကြီးလည်ပင်းအတင်းညစ်သောမောင်။ ထိုးနက်၍ မောင်မှာဒေါသတကြီးဖြစ်လို့နေသည်။ ငါမောင့်ကိုယုံတယ်။ ဒါမဲ့ ဒီvideoကကော

"ထယ်ယောင်း လက်လွန်ကုန်မယ်"

"ဒီခွေးမသားကို ဒီနေ့သတ်မှာ! "

Mg  [Completed] Where stories live. Discover now