Part (32)

3.9K 314 55
                                    

[Unicode]

"ဂျွန့်ဗိုက်ထဲမှာလေ မောင့်ကိုယ်ပွားလေးရောက်နေပြီတဲ့"

စကားအဆုံးမှာ ရုတ်ချည်းငြိမ်ကျသွားသည်။ မျက်လုံးတွေကိုစိုက်ကြည့်နေပြီး တုံ့ပြန်မူမလာခဲ့။ မောင်ကတစ်လုံးမှကိုမဟ‌သေး။ ကျောက်ရုပ်ထက်တောင်ဆိုးပါသေးမောင်ရဲ့ယခုပုံစံက။

"မောင်"

"ခဏ ခဏလေး ဂျွန်"

ကုတင်ပေါ်တွင်ထို‌င်နေသည်က ထသွားသည်။ ပါးစပ်ကိုလက်နှင့်တစ်ဖက်ကအုပ်ထား၍ တစ်ဖက်ကခါးကိုထောက်ထားသည်။ မောင့်ပုံစံကအရမ်းအံ့ဩနေ၍ပုံ။ 

"မောင်! "

"ဒါအိမ်မက်မဟုတ်ဘူး!"

အုတ်နံရံအားလက်သီးနှင့်ထိုးချလိုက်သည်မို့ လန့်ရသေး။ အစိမ်းရောင်နံရံမှ ဆေးတွေအမူန့်လေးတွေကွာကျကာ။

"မောင်..ဒီကိုလာ"

နူးညံ့သောအသံလေးက ဆေးရုံကုတင်ပေါ်ကနေ လက်ယက်ကာခေါ်‌နေသည်။

"သက်လှယ်..မင်းတကယ်ပြောနေတာလား၊တကယ်ပဲ မောင်ရူးတော့မှာနော် "

ဆေးရုံကုတင်အား ပြေပြေလေးမှီ၍ထိုင်နေသော ရင်ခွင်ထဲတိုး၀င်လာပါသော ‌မောင်ရယ်။ ရင်ခွင်ကျဥ်းကျဥ်းမှာမျက်နှာအပ်ထားပြီးခါးကိုတင်းကျပ်စွာဖက်ထားပြန်သည်။ ဪ..ငါ့မောင်  ။

"မောင်.."

"မောင်ရူးတော့မှာ သက်လှယ်။မောင့်ခေါင်းထဲမှာ မေးခွန်းတွေကြည့်ပဲ "

ဒီဆံနွယ်ကောက်ကောက်တွေအား ထိုးဖွ၍ပွတ်သပ်ပေးနေမိသည်။ တကယ့်ကိုလူဆိုးကြီးက ဒီနေရာကျ ဘာဖြစ်သွားရတာလဲ။

အချိန်တော်ကြာအောင်ပင် ဒီရင်ခွင်၌‌ငြိမ်နေသည်။

"မောင်အရမ်းပျော်တယ်ဂျွန် မောင်အရမ်းး မောင့်လည်ချောင်းထဲမှာ စကားတွေကမဆံ့တော့ဘူးကွ"

"မောင်ရယ်"

"ဒီကောင်လူဖြစ်ပြီ"

ဒီအချိန်လေးဟာ ပျော်လွန်းလို့မျက်ရည်တောင်ကျမိသည်အထိပါပဲ။ အခုမှမိသားစုဆိုတဲ့အရသာကို ခံစားမိခဲ့သည်။

Mg  [Completed] Where stories live. Discover now