Christmas Part 1

3.1K 163 3
                                    

(Unicode)

(2001 ခုနှစ်)

ခြံထဲမှာခရစ်စမတ်သစ်ပင်ကိုအလှဆင်ရင်အလုပ်ရှုပ်နေတဲ့ကောင်လေးကို ရိပေါ်ကသူအခန်း သတင်းပေါက်ကနေကြည့်နေမိတယ် အရင်ကသူအဲဒီကောင်လေးကိုတစ်ခါမှအဲခြံထဲမှာမတွေ့ဖူးဘူး အဲကောင်လေးကိုကြည့်ရင်းကြည့်ရင်းရိပေါ်ကသဘောကြလာတယ် အဲကောင်လေးနှုတ်ခမ်းအောက်ကမှဲ့ကိုပိုသဘောကြတယ် ဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ဖူးတဲ့သူကအဲကောင်လေးနဲ့သူငယ်ချင်းဖြစ်ချင်းလာတယ် အရွယ်အားဖြင့်သူကျဲကျဲနှင့်တစ်ရွယ်ထဲထင်ရပေမယ့် အဲကောင်လေးကသူ့ကျဲကျဲထက်အများကြီးချစ်စရာကောင်းနေတယ်လို ရိပေါ်ထင်တယ်
ရုတ်တရက်အဲကောင်လေးက သူရှိနေတဲ့နေရာကိုကြည့်လာတာမို့ သူတို့နှစ်ယောက်ကအကြည့်ချင်းစုံသွားတယ် တစ်ယောက်ကိုတစ်ယောက်အချိန်တစ်ခုကြာအောင်ထိကြည့်နေပြီးမှ ရိပေါ်ဖက်ကအရင်အကြည့်လွဲပြီး သူကုတင်ပေါ်ပြေးတက်မိသွားတယ် 6နှစ်အရွယ်ရိပေါ်လေး နောက်ထပ်တွေးမိတစ်တာတစ်ခုက **အဲကောင်လေးရဲအကြည့်တွေကလုံးဝသဘောကြချင်စရာမကောင်းဘူး အဲကောင်လေးနဲလဲ့သူငယ်ချင်းမလုပ်ချင်းတော့ဘူး**

သိပ်မကြာသေးခင်ကမှအသက် 9နှစ်ပြည့်ထားတဲရှောင်းကျန့်က ဒီနှစ်ခရစ်စမတ်မှာသူ့မားမားနဲ့အတူကျင်းပဖို့အတွက်ချုံချင်းကိုရောက်လာတာဖြစ်တယ် ခြံထဲမှာခရစ်စမတ်သစ်ပင်ကိုအလှဆင်နေရင် သူ့ကိုတစ်စုံတစ်ယောက်ကစိုက်ကြည့်နေတယ်လို့ခံစားမိတာကြောင့် လိုက်ပတ်ကြည့်မိတော့ ဘေးခြံအိမ် အပေါ်ထပ်သတင်းပေါက်တစ်ခုကနေ့သူကို ဆူပုတ်ပုတ်နဲကြည့်နေတဲ့ကလေးလေတစ်ယောက် သူ့ပြန်ကြည့်လိုက်တော့ အခန်းထဲကိုလှစ်ခနဲပြေးဝင်သွားတာ သူကိုကြောက်သွားပုံရတယ် **အဲကလေးလေကပါးဖောင်းဖောင်းလေးနဲအရမ်းချစ်ဖို့ကောင်းတယ်လို့** ရှောင်းကျန့်ကတွေးလိုက်မိတယ် သူလဲအဲလိုပါးဖောင်းဖောင်းနဲ့ညီလေးတစ်ယောက်လောက်လိုချင်တယ် ရှောင်းကျန့်လဲအလှဆင်နေတာကိုလက်စသတ်ပြီး အိမ်ထဲပြန်ဝင်လာလိုက်တယ်....

"ဒေါက် ဒေါက် ဒေါက်"

ဆိုဖာပေါ်မှာ Lego အရုပ်ဆက်နေတဲ့ရိပေါ်ကတံခါးခေါက်သံကြားတာမို့ သူအကြည့်တွေကိုမီးဖိုးခန်းထဲကိုပို့လိုက်မိတယ် ဟင်းပွဲတွေပြင်ဆင်ရင်အလုပ်ရှုပ်နေတဲသူမားမားနဲ့ကျဲကျဲကြောင့် ရိပေါ်ကပဲတံခါးသွားဖွင့်ဖို့ဖြစ်လာတယ်

Merry Christmas ☃️ (Short Story)Where stories live. Discover now