Christmas Part 3

1.6K 112 0
                                    

(Unicode)

ရှောင်းကျန့်သူဘဝထဲရောက်လာပြီးတောက်တက်လို့လိုက်ကပ်နေတဲ့နေ့ကစလို့ ရိပေါ်ရဲ့ဘဝကအေးအေးဆေးဆေးနေရတယ်လိုကိုမရှိတော့ဘူး နေ့တိုင်းသူရဲ့ကျောင်းပို့ ကျောင်းကြို့တာဝန်ကိုလဲမပေးပဲယူထားသေးတယ် သူကမလိုက်ရင်လဲအတင်းပွေ့ချီပြီးသူကိုကားထဲပြစ်ထည့်တက်သေးတာ နောက်ဆုံးခေါင်းမာပါတယ်ဆိုတဲ့ရိပေါ်ကရှောင်းကျန့်ကိုတော့လက်မြှောက်အရှုံးပေးထားရတယ် ဒါအပြင်တစ်ပတ်မှာ 6ရက်လောက်ကရှောင်းကျန့်ကရိပေါ် condoမှာလာနေသေးတာ ဘယ်လိုနှင်နှင်မပြန်တာကြောင့် ရိပေါ်ကရှောင်းကျန့်ကို လုပ်ချင်းသလိုလုပ်ဆိုပြီးလွှတ်ထားလိုက်ရတော့တယ် အချိန်တွေကြာလာတာနဲ့အမျှ ရိပေါ်လဲရှောင်းကျန့်ကိုတဖြေးဖြေးချင်းသဘောကြလာတယ် ရှောင်းကျန့်နှုတ်ခမ်းအောင်ကမှဲ့နက်လေးကိုပိုသဘောကြတယ် သူဘေးအိမ်ကကောကောမှာလဲအဲလိုမှဲ့နက်လေးရှိတယ် ဒါမဲ့ရှောင်းကျန့်လုပ်ကြွေးတဲမုန့်ချိုတွေကိုတော့ ရိပေါ်ကမကြိုက်ဘူး ဒါပေမယ့်လဲရှောင်းကျန့်စိတ်မကောင်းဖြစ်မှာကြောက်မလို့ ရှောင်းကျန့်လုပ်ကြွေးသမျှ မုန့်ချိုတွေကိုတော့ရိပေါ်ကစားတယ် ရှောင်းကျန့်နဲရှိနေရင် နွေးထွေးတယ် လုံခြုံတယ်လိုရိပေါ်ခံစားရတယ်

အပြင်မှာနှင်းတွေအရမ်းကြနေတာကို သတင်းပေါက်ဖွင့်ပြီးထိုင်နေတဲ့ရိပေါ်ကို ရှောင်းကျန့်ကစောင်ပါးယူပြီးအပေါ်ကခြုံပေးလိုက်တယ် ခဏကမှလုပ်လို့ပြီးထားတဲမုန့်ချိုပန်းကန်ကိုလဲ ရိပေါ်ရှေ့ချပေးလိုက်တယ် အပြင်ပန်ကသာကြည့်ရင် ရိပေါ်ကခပ်တည်တည်နေတက်ပေမယ့် ရိပေါ်ဘယ်လောက်ချစ်စရားကောင်းပြီးကလေးဆံလဲဆိုတာ အချိန်ကြာကြာရိပေါ်အနားလိုက်ကပ်နေတဲသူကအသိဆုံး...ဒေါသနည်းနည်းကြီးတာကလွဲလို့ပေါ့

"ဒီလောက်အေးနေတာကို သတင်းပေါက်ကြီးဖွင့်ပြီး ဘာတွေငေးနေတာလဲကွာ"

ရှောင်းကျန့်စကားကိုရိပေါ်ကပြန်မဖြေပဲခေါင်းသာခါပြလိုက်တယ်

"မကြာခင်ခရစ်မတ်တောင်ရောက်တော့မယ် ကိုယ်တို့လဲခရစ်စမတ်သစ်ပင်ဝယ်ပြီး အခန်းမှာအလှဆင်ရအောင်း"

Merry Christmas ☃️ (Short Story)Where stories live. Discover now