Christmas Part 2

1.6K 125 0
                                    

(Unicode)

ရိပေါ်ကဆေးရုံရောက်တာနဲ့ကောက်တာမှာမေးပြီး အရေးပေါ်ခန်းရှေ့အပြေးထွက်လာလိုက်တယ် အရေးပေါ်ခန်းရှေ့ထိုင်နေတဲ့ ခန့်ခန့်ညားညားလူနှစ်ယောက်က တဖက်ကကားပိုင်ရှင်ဖြစ်မယ်ဆိုတာ ရိပေါ်သိလိုက်တယ်

"ဘယ်လိုဖြစ်တာလဲ့?"

"ကိုယ်တို့ကကျောင်းလမ်းအတိုင်းမောင်းလာတာပါ တစ်ဖက်ကမိန်းကလေးကစက်ဘီးနဲ့ကားရှေ့ဖြတ်ဝင်လာတာ ရုတ်တရက်ဆိုတော့ ကိုယ်တို့လဲဘလိတ်အုပ်မခင်လိုက်ဘူး"

"စက်ဘီး?"

ရှောင်းကျန့်ကသူရှင်းပြတာကို အလိုမကြသလိုဖြစ်သွားတဲ့ရိပေါ် ကြောင့် သူပြောတာကိုမယုံဘူးထင်ပြီး ထပ်ရှင်းပြလိုက်တယ်

"မင်းမယုံဘူးဆို ကျောင်းလမ်းက CCTV ကိုစစ်လို့လဲရပါတယ် ကိုယ်ကားက blackboxကိုစစ်လဲရပါတယ်"

"ယုံတယ်"

ယုံတယ်ပြောပြီး မျက်မှောင်ကြုပ်နေတဲ့အကောက်ပေါက်လေးကိုကြည့်ရှောင်းကျန့်ကအသည်းတယားယား...

"ကိုယ်အထင် မင်းချစ်သူရဲ့မိဘတွေကိုလဲဆက်သွယ်လိုက်ရင်ကောင်းမယ်ထင်တယ်"

"ချစ်သူမဟုတ်ဘူး မောင်နှမတွေ"

ယောက္ခမကိုဆက်သွယ်ဖို့‌ပြောလိုက်တာကို ခဏကထက်မျက်မှောင်ပိုကြုပ်သွားပြီး စူးစူးရဲရဲကြည့်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ကနောက်ကျောပါချမ်းသွားတယ် *သူဘာများမှားပြောမိသွားပါလိမ်* တစ်ဆက်ထဲ 'ချစ်သူမဟုတ်ဘူး မောင်နှမတွေ' ဆိုတဲ့စကားကြောင့် ဘာကြောင့်မှန်းမသိရှောင်းကျန့်ရင်ထဲပျော်ရွှင်မိသွားတာတော့အမှန်...နီးနီးကပ်ကပ်မြင်လိုက်ရမှာ ဒီအကောက်ပေါက်လေးက ပုံထဲကထက်ပိုချစ်စရာကောင်းနေတယ်ဆိုတာ ရှောင်းကျန့်သိလိုက်တယ် ဒါအပြင်သူရင်တွေလဲအစမတန်ခုန်ပေါက်နေတယ်
ရိပေါ်ကတော့ တစ်ဖက်လူဘာတွေဖြစ်နေတယ်ဆိုတာကို သတိမထားမိပဲ့ ခုန်မှာသာဝင်ထိုင်လိုက်ပြီး ချုံချင်းကသူမိဘတွေစီသာဖုန်းဆက်နေလိုက်တယ်

"မားသမီး စက်ဘီးမစီးတက်ပဲ့ စီးပြီးသူများကားကိုဝင်လိုက်တယ်"

Merry Christmas ☃️ (Short Story)Where stories live. Discover now