Part One

218 9 8
                                    

       ကားမှန်မှာ ထင်ဟပ်နေသော နှင်းမြူတွေကို ငေးကြည့်မိသည်။ ခရစ္စမတ်ပိတ်ရက်အတွက် မိသားစုလိုက် ခရီးထွက်လာကြခြင်းဖြစ်​၏။ သည်နေ့က ဒီဇင်ဘာ ၁၅ ရက်နေ့။ မနက်အစောကြီးပင် ရှိသေးတာ ဖြစ်သည်။ မနက်စောစောကားစီးပြီး သီချင်းနားထောင်ရတာ ကြိုက်သည့် ဘားခို့ အတွက်တော့ ပျော်စရာအကောင်းဆုံးပင်။

       အခု Playlist မှာ လာနေသည့် သီချင်းက Taylor Swift နဲ့ Ed Sheeran ရဲ့Run(Taylor's Version) ဖြစ်တော့ ကားစီးရင်း နားထောင်ရတာ ပြီးပြည့်စုံနေတာဖြစ်သည်။ ခရီးစထွက်လာတာက ဒီဇင်ဘာ၁၄ ရက် ညနေကဆိုတော့ သွားနေသည့် မြို့လေးကို ရောက်ဖို့ သိပ်တော့ မလိုတော့ဘူး ထင်​၏။

         "ခဏနေရောက်တော့မှာ သိလား" ပြောရင်ဆိုရင်းပင် အဖေက ပြောသည်။ စိတ်လှုပ်ရှားလားလို့ မေးရင် ဖြေရမှာက အကြာကြီးနေမှ မိသားစုလိုက် ခရီးထွက်ရတာဆိုတော့ အပျော်ဆုံးလို့ ပြောရင်လည်း မမှားပါဘူး။ ဒီမြို့လေးမှာလည်း ပျော်စရာ အမှတ်တရလေးတွေကြုံရပါစေလို့ စိတ်ထဲကနေ တိတ်တိတ်လေး ဆုတောင်းနေမိသည်။

         ခဏအကြာတော့ နှင်းတွေထဲ နွေးနွေးထွေးထွေးကြိုဆိုနေသော မြို့အဝင်ဆိုင်းဘုတ်လေးကို ရောက်လာခဲ့ပြီ။ ရေးထားသည်က "Springfalls Town " ဟူ၍။

         "မြို့နာမည်က ချစ်စရာလေးနော်"

         "ဟုတ်တယ် ဒီလာတာ ကောင်းတဲ့ အငွေ့အသက်တွေပဲ ရနေတယ် ဟီးဟီး" မြို့ဝင်ဝင်ချင်း ကားပေါ်မှာ အမေ နှင့် မမရဲ့  ပျော်နေသော အသံများဖြင့် ဝေဆာသွားသည်။

         မြို့အဝင် မနက်စောစောရောင်းသော ဆိုင်လေးတွေ မနက်ခင်းလမ်းထလျှောက်သည့် လူတွေ ဟိုတစ်စ ဒီတစ်စ တွေ့ရပေမယ့် အတော် နွေးထွေးသည်လို့ မြင်မိ​၏။

         "အဖေ့ သားဗိုက်ဆာနေပြီ ဘယ်နားစားမလဲ" ဟုတ်သည်။ လမ်းဘေးဆိုင်လေးတွေမှာ အငွေ့တထောင်းထောင်းထနေသော ဘာမှန်းမသိသည့် မုန့်တွေ အစားအစာတွေမြင်ပြီး ဟိုစားချင်ဒီစားချင် စိတ်တွေဖြစ်သည်။

         "ဟိုတယ် အရင်သွားမလားလို့လေ အဲ့မှာ တစ်ခါတည်း စားပြီး နားလို့ရတာပေါ့ အဲ့လိုပဲ လုပ်ကြမယ်မလား"

A Kiss Under Mistletoe (JeffBarcode)Where stories live. Discover now