အခန်းထဲ ပြန်ရောက်တော့ အိပ်ယာအိအိပေါ် အားပါပါဖြင့် လဲချလိုက်သည်။ အခန်းအတွင်း အပူအချိန်ကြောင့် သိပ်တော့ မအေး။ ခုနအပြင်မှာတုန်းက နှင်းထဲမှာ နေရတာ ကြိုက်လို့သာ ရိုးရိုးသားသား ဝန်ခံရရင် စိမ့်နေအောင်အေးတာ။ အခန်းနံရံကို ငေးပြီး ခရီးတစ်လျှောက်က အကြောင်းတွေနဲ့ နှင်းထဲက ခံစားချက်တွေကို ပြန်တွေးနေရာမှ အေးစက်သည့် အရာအားလုံးထဲကမှ နွေးထွေးသော အကြည့်တစ်ခုက စိတ်ထဲ မသိမသာ ဝင်ရောက်လာခဲ့သည်။သူ့အကြည့်က ထူးဆန်းလှသည်လို့လည်း မဟုတ်။ သည်အတိုင်း ကြင်ကြင်နာနာအကြည့်နဲ့ နွေးထွေးသည့် အကြည့်လေးတစ်ခု။ သို့သော် ဘာလို့ အကြာကြီး စိုက်ကြည့်နေခဲ့သည်လဲ။ ဘားခို့ကို ဘယ်သူမှ အဲ့လောက် အကြာကြီး ကြည့်တာမျိုး မရှိခဲ့ဘူး။ သူ့ အကြည့်တွေကြောင့် သူ့ပုံစံက ဘာလဲတောင် သေချာ မကြည့်ခဲ့လိုက်ရတော့ ထပ်တွေ့ရင် မှတ်မိပါ့မလား။
မျက်နှာကြက်ကနေ အကြည့်လွဲလိုက်ပြီး ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်သည်။ ဟိုတယ်က ဝိုင်ဖိုင် ရသည်ဟု ပြောသည်မို့ Password ဘယ်နား ရှိမလဲ ရှာရသည်။ မမက ဆိုဖာမှာ ထိုင်ပြီး ဖုန်းကြည့်နေပုံထောက်တော့ Password သိပြီးသား ဖြစ်လိမ့်မည်။
"မမ Wifi password သိပြီလား"
"အင်း သိပြီ" ဖုန်းကနေ အကြည့်မလွဲဘဲ ဖြေသည်။
"သားကို ပြောပြအုံးလေ"
"တံခါးဘေးက ခုံပေါ်မှာ"
အိပ်ယာပေါ်ကနေ တံခါးနားထိ ပြန်သွားရဦးမယ်။ အား း း း အိပ်ချင်နေပြီကို။ တွေးရင်းကပဲ တံခါးဘေးနား ရောက်သွားပြီး အိပ်ယာပေါ်က စောင်ပုံထဲ ဝင်နေပြီ ဖြစ်သည်။
ကြည့်ကြည့်ချင်း ဝင်လာသည့် Message က လုဒ်ပို့ထားသည့် Message။
"ဘားခို့ ငါတို့ သူငယ်ချင်းတွေ မင်း သွားလည်တဲ့ မြို့ကို ရောက်နေပြီ" ဟင် မြင်မြင်ချင်း စောင်ပုံထဲက ထထိုင်မိသည်။ ဘယ်ကနေ ဘယ်လို လာဖြစ်ကြသည် မသိပေမယ့် သူငယ်ချင်းတွေ ဆုံရတာ ပျော်ဖို့ ကောင်းသည်။ အထူးသဖြင့် သည်လို ပိတ်ရက်မျိုးပေါ့။
YOU ARE READING
A Kiss Under Mistletoe (JeffBarcode)
Fanfiction1. First Time meeting you was like listening to my favorite song 2. It was just a moment we felt together 3. A delicate string between us