Part 4

75 8 0
                                    

သည်နေ့က ဒီဇင်ဘာ ၂၁ ရက်နေ့။ တိတိကျကျပြောရရင် Saturn Band နဲ့ သီချင်း တူတူသွားကျင့်ရမည့်နေ့။ အရင်နေ့တွေက ကျွန်တော်တို့ အဖွဲ့ သီးသန့်ဆီ ကျင့်ကြတာဖြစ်သည်။ ကျင့်နေသည့် ဟိုတယ်အခန်းက ခရစ္စမက်အတွက် အခန်းသုံးဖို့ လိုသည်ဆိုတော့ နောက်ရက်တွေလည်း အတူတူသီချင်းကျင့်ရမှာဆိုတော့ ပို စောပြီး ကျင့်လိုက်သည့် သဘောပါပဲ။ သူတို့နဲ့ သီချင်းလည်း တူတူရွေးဖြစ်သည်။ စစတွေ့သည့် နေ့တည်းကပင်။ နောက်နေ့ရောက်တော့ သီချင်းကော့ဒ်တွေ ကျွန်တော်တို့ ဘာသာရှာသည်။ ရှာပြီး နှစ်ရက်လောက်က မကျင့်ဖြစ်ဘူး။ လျှောက်လည်နေကြတာ။ ကျွန်တော်ကတော့ အိမ်နဲ့ လည်လိုက် သူငယ်ချင်းတွေနဲ့ လည်လိုက်နဲ့ မအား။ အခန်းပြန်ရောက်တာနဲ့ အိပ်။ ခဏခဏ နားထောင်ဖြစ်သော သီချင်းတစ်ပုဒ်တော့ ရှိသည်။ အဲ့သီချင်းက အစ်ကို ဂျက်ဖ် ပြောပြလို့ ပိုနားထောင်မိတာပင်။ စစတွေ့သည့် နေ့တုန်းက ကျွန်တော်တို့ ည ကိုးနာရီလောက်ထိ အဖွဲ့လိုက် တူတူရှိခဲ့ကြတာ။ ကမ်းခြေမှာလည်း နေဝင်တာ သွားကြည့်သလို သီချင်းတွေ တူတူနားထောင်တာ၊ ညစာ တူတူစားပြီး Hot Chocolate သွားသောက်ခဲ့ကြသေးသည်။ အဲ့နေ့က အကြောင်း ကျွန်တော် ခုနက ရေချိုးရင်း ပြန်စဥ်းစားမိသည်။ အသေးစိပ်မှတ်မိနေသေးသည်။ ထူးဆန်းသလိုပဲ ပုံမှန်ရော ကျွန်တော် အသေးစိပ်မှတ်မိရဲ့လား မသိဘူး။
______________________________________________________________________
  
       " အိုကေ ကလေးတွေ ငါက ဂျွန်, သူက ဂျက်ဖ် သူ့ဘေးက ဂျိမ်းစ် သူ့နောက်ထပ်ဘေးက ဂျေ ၊ j တွေကြီးပဲ ဆိုတော့ မှတ်ရလွယ်ပါတယ်"

       အဲ့ အသံလှလှနဲ့ လူကြီး နာမည်က ဂျက်ဖ်တဲ့လား။
      " ဘားခို့ မင်း မိတ်ဆက်ဦးလေ ကိုယ့်ဘာသာ"
      " အာ ကျွန်တော်က ဘားခို့တင်နစစ်ပါ ဘားခို့လို့ပဲ ခေါ်ကြပေါ့ ဟီး" ထိန်းထားရဲ့သားနဲ့ ထွက်သွားသည့် စိတ်လှုပ်ရှားရင် ထွက်သော အသံကြောင့် ကိုယ့်ပါးစပ်ကို လက်နဲ့ ပြန်အုပ်လိုက်သည်။ လုဒ် နဲ့ အစ်ကို ဂျွန်က သိပြီးသားဆိုပေမယ့် ကျန်တဲ့ သူတွေက မရင်းနှီးကျသေး။ အခုချိန်ထိ အစ်ကိုဂျက်ဖ်က ပြုံးပြတာကလွဲ ဘာစကားမှ မပြော။ လုဒ်နဲ့ အစ်ကို ဂျွန်တို့က တစ်နေရာရာမှာ စကားပြောဖို့ တိုင်ပင်နေကြသည်။ ကျွန်တော်ကတော့ ဘယ်ချိန်နေဝင်မလဲ ကြည့်နေတာ။ သည် မြို့က လေးနာရီခွဲနေဝင်သည်တဲ့။ ဆောင်းတွင်းမို့ ပိုစောတာ ဖြစ်မည်။ ပုံမှန်ဆို ငါးနာရီခွဲ ဝင်သည်ဟု ရေးထားသည်။ အခုက သုံးနာရီ လေးဆယ့်ငါး။ လိုတော့ တော်တော်လိုသေးသည်။ ကမ်းခြေမှာ ထိုင်မကြည့်ရရင်တောင် ဟိုတယ် ပြန်ကြည့်မည်ဟု တေးထားလိုက်သည်။ တိုင်ပင်နေကြတုန်း ကျွန်တော် ကမ်းခြေဘက်ကို ကြည့်မိသည်။

You've reached the end of published parts.

⏰ Last updated: Dec 25, 2022 ⏰

Add this story to your Library to get notified about new parts!

A Kiss Under Mistletoe (JeffBarcode)Where stories live. Discover now