Ep 13
Uni + Zaw
Uni
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကျော်လွန်လာခဲ့သည်။ကောင်းကင်ပြင်တွင် အရင်လိုထွန်းလင်းတောက်ပနေသော သူရိန်နေမင်းကို အမြဲလိုမမြင်တွေ့ရတော့ဘဲ ယင်းအစား မှိုင်းညှို့သောမိုးသားတိမ်လိပ်များက နေရာယူလာကြသည်။ဒေါင်းလွမ်းဏီ စံအိမ်တော်ကြီးကိုရောက်ရှိခဲ့သည်မှာ ဥတုရာသီတစ်ခုပင်ပြောင်းလဲခဲ့ချေပြီ။ယခုဆိုမိုးဦးရာသီသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ဒေါင်းလွမ်းဏီအနေနဲ့ စံအိမ်တော်ကြီးတွင်ကုန်ဆုံးခဲ့သော နေ့ရက်ပေါင်းများစွာအား ဘယ်လို ဘယ်ပုံဖြတ်သန်းခဲ့သလဲဆိုလျှင် သူသည်မနက်အာရုဏ်တက်ချိန် နေမထွက်ခင်မှစ၍ ညနေ နေဝင်ပြီးမိုးချုပ်တဲ့အချိန်ထိ စံအိမ်ကြီးနှင့်ပတ်သက်သည့် ဝေယျာဝစ္စအလုပ်များကိုလုပ်ရင်း ဖြတ်သန်းကုန်ဆုံးခဲ့သည်။အချို့သောနေ့ရက်များတွင်တော့ သခင်ကြီးအားကိုယ်လက်ဆေးကြောသန့်စင်ပေးခြင်း၊ နှိပ်နယ်ခြင်းစသော ကိစ္စရပ်များကိုလည်း လုပ်ဆောင်ရပေသည်။
တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် ၎င်းအလုပ်များကိုပဲ နားချိန်မရှိရလောက်အောင် ဆက်တိုက်လုပ်နေခဲ့ရ၍ သူ့တွင်ဝမ်းနည်းငိုကြွေးဖို့ပင်အချိန်မရှိ။ထို့အတူ ငြင်းဆန်ဖို့ခွန်အားလည်းမရှိချေ။အဘယ်ကြောင့်ဆိုသော် သူ့အားနှိပ်စက်ဖို့ထိုအခန်းထဲခေါ်သွားမည်ကို သေမတတ်ကြောက်သည်။အသက်ရှင်နေသော်လည်း ဒေါင်းလွမ်းဏီ စိတ်ဝိဥာဥ်တို့ သေဆုံးခဲ့လေပြီ။ငိုကြွေးဖို့မျက်ရည်များပင် ခမ်းခြောက်ခဲ့ချေပြီ။
တစ်ခုသောနေ့တစ်နေ့တွင်ဖြစ်သည်။ထုံးစံအတိုင်း ဒေါင်းလွမ်းဏီသည် လျှော်ဖွပ်သန့်စင်ပြီးဖြစ်သော အဝတ်၊အထည်များကို မီးအပူပေး သေသပ်ကျနစွာခေါက်နေတုန်း ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်အနေထားသည် ပြောင်းလဲသွားသည်။မွန်းတည့်ချိန်ဖြစ်၍ မကြာသေးခင်ကမှထွက်ပေါ်လာသော နေရာင်ခြည်ကို မဲမှောင်နေသော မိုးသားတိမ်လိပ်များက စက္ကန့်ပိုင်းအတွင်း ဖုံးကွယ်ပစ်လိုက်ကြသည်။
နူးညံ့ညင်သာခြင်းမရှိပါသော လေကြမ်းများသည်လည်း တဝေါဝေါနှင့် ရုတ်ချည်းတိုက်ခတ်လာမှာ ဒေါင်းလွမ်းဏီတစ်ကိုယ်လုံးအေးစိမ့်သွားရသည်။ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်စရာကောင်းအောင် မှောင်မဲအုံ့ဆိုင်းသွားပြီးနောက် မိုးစက်မိုးပေါက်များ တရစပ်ကျဆင်းလာတော့သည်။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...