အမ်မာလီဟု အမည်ရသော တိုင်းပြည်ကြီးသည် တောတောင် ရေမြေသဘာဝ သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် တိုင်းပြည်တစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဒေသကြီး ငါးခု ခွဲခြမ်းထားကာ တိုင်းပြည်တစ်ခုလုံးကို သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်စေသည်။
အမ်မာလီတိုင်းပြည်တွင် တစ်တိုင်းပြည်လုံး မဖြစ်မနေ လိုက်နာရမည့် စည်းမျဥ်းတစ်ခု ရှိ၏။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် တော်ဝင်စည်းမျဥ်းအရ... ဒေသကြီးတစ်ခုစီတိုင်းက ကိုယ်စားပြုအနေနှင့် အမွေဆက်ခံသူအဖြစ် လျာထားသူတစ်ဦးကို မြို့တော်ဆီ ပို့ဆောင်ကာ တိုင်းပြည်အတွက် ယှဥ်ပြိုင်စေရမည်။
ပါဝင်ယှဥ်ပြိုင်သူဟာ သက်ဆိုင်ရာ ဒေသကြီးများ၏ တော်ဝင်အမျိုးအနွယ်မှ ဆင်းသက်လာသော သွေးသားအရင်း ဖြစ်ရမည်။ မည်သည့်ဒေသကြီး၊ မည်သည့်မိသားစုအမျိုးအနွယ်က ဖြစ်ပါစေ... အနိုင်ရရှိသူ၏ဖခင်သည် ရုတ်ခြည်းဆိုသလို တိုင်းပြည်တစ်ပြည်လုံးကို အုပ်ချုပ်နိုင်သည့် အာဏာကို အစိုးရသည့် သက်ဦးဆံပိုင် ဘုရင်မင်းမြတ်အဖြစ်သို့ ချီးမြှောက်ခံရမည်။
ထို့ကြောင့် တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည့် Kaninက တော်ဝင်နန်းဆောင်၏ ရာထူးအမြင့်ပိုင်းထဲကမှ အရည်အချင်းရှိသည့် သက်တော်စောင့်တစ်ယောက်နှင့်အတူ ယှဥ်ပြိုင်ဖို့ စေလွှတ်ခံရသည်။
...
"ဘယ်လိုပဲ လုပ် လုပ်... အမှန်တရားကနေ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး"
"..."
"ကလေးတစ်ယောက်လို ပြုမူနေရမယ့်အချိန် မဟုတ်တော့ဘူး။ လူတိုင်းမှာ တာဝန်ကိုယ်စီနဲ့... အခုအချိန်မှာ ကိုယ့်အတွက် အရေးကြီးဆုံး တာဝန်က ဘာလဲဆိုတာကို သတိထားပေးပါ။ ကျွန်တော်မျိုးနဲ့ ပြန်လိုက်ခဲ့ရမယ်" မီးပုံထဲ လောင်စာဆီ လောင်းချလိုက်သည့်နှယ်... အထိမခံနိုင်ဖြစ်နေသည့် Kanin၏ဒေါသက ဂိတ်ဆုံးထိကို ထပ်မံ ရောက်ရှိသွားသည်။ သူ သူ့ထက် ပိုအသက်ကြီးသည့်လူကြီးဘက်ကို လှည့်လိုက်ကာ...
"ဟုတ်လား။ ကျွန်တော့်ရဲ့တာဝန်ဆိုတာက ဘာလဲ။ ကျွန်တော်က သာမန်လူတစ်ယောက်.... ဒီနေရာမှာ မွေးပြီး ဒီနေရာမှာပဲ ကြီးပျင်းလာခဲ့တာ... ကျွန်တော်က အယ်မာလီက လူ မဟုတ်ဘူး။ အဲ့အတွက်ကြောင့် ကျွန်တော့်မှာ နောက်ပြန် လှည့်ကြည့်ပေးရမယ့်တာဝန်လည်း မရှိသလို၊ ဘယ်သူ့အတွက်ဆိုပြီးတော့လည်း လုပ်ပေးရမယ့်တာဝန်လည်း မရှိဘူး။ အဓိပ္ပါယ်မရှိတာတွေကို ဆက်မပြောနဲ့တော့... အဲ့လောက်ထိ ပြန်သွားချင်နေသပါ့ဆိုရင်လည်း ခင်ဗျားဘာသာ ပြန်!"
"..."
"ပြန်တော့... ကျွန်တော့်ရဲ့သည်းခံနိုင်စွမ်းတွေ မကုန်သေးခင်မှာ ခင်ဗျား ပြန်သင့်ပြီ" ထိုကောင်လေး၏ခန္ဓာကိုယ်က စိတ်ခံစားချက်ကြောင့် တုန်ရီနေလျက်... Charanက ထိုကောင်လေးနှင့် အကြည့်ချင်းဆုံပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ၄၅ဒီဂရီလောက် ကိုင်းပြီး အရိုအသေပေးကာ ပုံမှန်ပြောနေကျ လေသံနှင့် ဆက်ပြောလာပေမယ့် နားထောင်နေသည့်ကောင်လေးကတော့ စောနကအတိုင်း ဒေါသထွက်လာပြန်သည်။
"မင်းသားလေးကို စော်ကားမိသလို ဖြစ်သွားရင် ကျွန်တော်မျိုး တောင်းပန်ပါတယ်။ ကျွန်တော်မျိုး ဒီနေရာထိ ရောက်လာရတဲ့ အဓိကရည်ရွယ်ချက်က မင်းသားလေးကြောင့်ပါ"
"ခင်ဗျား!!!"
"သည်းမခံနိုင်ရင်လည်း သည်းခံရပါမယ်။ စိတ်အနှောင့်အယှက်ဖြစ်နေရင်လည်း တောင့်ခံထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်မျိုး မင်းသားလေးကို ပြန်မခေါ်သွားနိုင်တဲ့အချိန်အထိ... ဒီနေရာကို နေ့တိုင်း လာနေမှာပါ"
"..."
"ဒါက ကျွန်တော်မျိုးတို့ရဲ့တာဝန်ဖြစ်တာကြောင့်... မင်းသားလေးဘက်က နားလည်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မျိုး မျှော်လင့်မိပါတယ်"
...
ဒန် တန် တန် 🤣
YOU ARE READING
မင်းနဲ့သာ အတူတူဆိုရင်...