ထပ်ဆောင်းသိထားသင့်သည့်အချက်များ
(မိသားစုဇယားနှင့် Fencingသမိုင်း)အမ်မာလီဟု အမည်ရသော တိုင်းပြည်ကြီးသည် တောတောင် ရေမြေသဘာဝ သာယာလှပပြီး သယံဇာတ ပေါကြွယ်ဝသည့် တိုင်းပြည်တစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဒေသကြီး ငါးခု ခွဲခြမ်းထားပြီး တိုင်းပြည်တစ်ခုလုံးကို သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်စေသည်။ ထိုဒေသကြီး ငါးခုမှာ...
Darwinမြို့တော်ကြီးသည် Thipakpowo သို့မဟုတ် ဘုရင်မင်းမြတ် နေထိုင်ရာ နန်းတော်တည်ရှိသည့်မြို့တော် ဖြစ်သည်။ ထိုမြို့သည် တိုင်းပြည်၏ အချက်ချာကျသည့်နေရာတွင် တည်ရှိပြီး အကြီးဆုံးဒေသကြီးလည်း ဖြစ်သည်။ ဘုရင်မင်းမြတ်ပုလ္လင်သည် ဒေသကြီးလေးခုစလုံး ထောက်ခံမှသာ တက်လှမ်းလို့ ရသည်။ ယနေ့ လက်ရှိအုပ်ချုပ်နေသည့် ဘုရင်မင်းမြတ်သည် Asawathewathinမျိုးနွယ်မှ ဖြစ်သည်။
မြောက်ဘက်ပိုင်း ဒေသကြီးသည် Asawathewathinမျိုးနွယ်တို့ အုပ်ချုပ်ရာ ဒေသကြီးဖြစ်သည်။ ရွှေအထွက်များသော ဒေသဖြစ်ပြီး လက်ရှိ ဦးစီးနေသော မင်းသားTharinသည် နတ်ရွာစံသွားပြီဖြစ်သည့် လက်ရှိဘုရင်မင်းမြတ်၏သားတော်တစ်ပါး ဖြစ်သည်။
အရှေ့ပိုင်း ဒေသကြီးသည် Phuchongphisutမျိုးနွယ်တို့ အုပ်ချုပ်ရာဒေသကြီးဖြစ်ပြီး အရည်အသွေး ကောင်းမွန်သည့်စိန်အများစု ထွက်ရာဒေသတစ်ခုအဖြစ် ကျော်ကြားသည်။ လက်ရှိ ဦးစီးနေသော ဘုရင်ခံသည် မင်းသားကြီးRachataဖြစ်ပြီး ဆက်ခံသူမှာ သူ၏တစ်ဦးတည်းသော သားဖြစ်သူ မင်းသား Ramilဖြစ်သည်။
ကျောက်သံပတ္တမြား ပေါကြွယ်လှသည့် အနောက်ပိုင်း ဒေသကြီးအား Thavichametha တော်ဝင်မျိုးနွယ်မှ အုပ်ချုပ်သည်။ လက်ရှိ ဦးစီးနေသည့် ဘုရင်ခံသည် မင်းသားကြီး Chanaဖြစ်ပြီး ဆက်ခံသူမှာ သူ၏တစ်ဦးတည်းသော သမီးလေး မင်းသမီးEva ဖြစ်သည်။
YOU ARE READING
မင်းနဲ့သာ အတူတူဆိုရင်...