𝙿𝚎𝚛𝚑𝚊𝚙𝚜 (𝙴𝚡𝚝𝚛𝚊)

1.3K 109 7
                                    

ကုတင်ပေါ်မှာလှဲရင်းကြည့်နေမိတာကစိတ်မပါတပါအဝတ်အစားထည့်နေတဲ့ ပုံရိပ်ဆီ။မျက်နှာမသာမယာဟာ ကျောင်းမသွားချင်ပေမဲ့အတင်းသွားခိုင်းတာမို့မတတ်သာတဲ့ မူလတန်းကျောင်းသားနှင့်တူသည်။သူ့မှာသနားလာရသလို ရယ်ရခက်ငိုရခက်။

"ကျွန်တော် တကယ်နေကောင်းသွားပါပြီဆို၊အဖျားမရှိ‌တော့တာလည်း ဂျယ်ကိုယ်တိုင်တိုင်းပေးတာမြင်တာပဲမဟုတ်ဘူးလား"

"အရင်နေ့နှစ်ရက်လုံး အဖျားကြီးနေခဲ့တာလေငယ်ရယ်၊ကိုယ်သိပ်စိတ်မချချင်သေးဘူး"

နောက်ဆုံးတစ်ထည်အိတ်ထဲထည့်လိုက်ပြီးတာနဲ့ ကြည့်ပြောလာတဲ့ဂျယ်က 'ပိုလွန်းတယ်'လို့မပြောရက်‌ရအောင်ပဲတကယ်ကိုစိတ်မချသည့်ပုံ။တရားဝင်လက်ထပ်ထားတာမဟုတ်သည့်ချစ်သူတစ်ဖြစ်လည်း ဂျယ်ဟာအိမ်နဲ့ပြန်အဆင်ပြေသွားတာလအနည်းငယ်လောက်ရှိပြီ။အမေနဲ့အဖေက ကြည်ဖြူလှသည့်မဟုတ်ပေမဲ့ဒါဆိုဒါပဲဆိုတဲ့‌ခေါင်းမာတဲ့သားကိုမတတ်သာတဲ့အဆုံးလွှတ်ထားတော့တာပင်။

သို့သော်လည်း'သူများအိမ်ကပ်မနေပဲကိုယ့်အလုပ်ကိုယ်တော့လာလုပ်' ဆိုတဲ့အဖေ့ရဲ့ရာဇသံနောက်မှာတော့ဂျယ့်မှာမရှောင်နိုင်ပဲဆိုးလ်ကိုပြန်ရ၏။ဒါပေမဲ့ ရှင်းမ်ဂျယ်ယွန်းပဲလေ...။အမေတစ်ခုနဲ့သူ့ကို ဆိုးလ်ကိုလည်းမခေါ်ရက်ပြန်တာမို့ စက်ရုံပိတ်တဲ့ကြားနှစ်ရက်ဆိုသူ့အိမ်မှာလာအိပ်ပြီး သွားလိုက်ပြန်လိုက်လုပ်တော့သည်။

ခုလည်း အဲ့ဒါ...။တင်္နလာနေ့ဆိုးလ်ပြန်ရမယ့်ရက်ကို 'ကိုယ်ဒီမှာမရှိတုန်းပြန်ဖျားရင်ဘယ်လိုလုပ်မလဲ'ဆိုတဲ့အကြောင်းပြချက်နှင့် သွားဖို့အရေးမနက်စောစောထဲကအင်တင်တင်လုပ်နေတာအခုထိ။

"တကယ်သက်သာသွားပါပြီ‌ဆိုကွာ၊အဲ့ဒါနဲ့ပဲ စက်ရုံကိုညနေမှပဲရောက်နေတော့မယ်၊သွားပါဆို"

"အင်းပါ ဒီနေ့ညနေ ရေတွေဘာတွေချိုးမနေနဲ့ဦးနော်၊လူက ခုထိနှာသံမပျောက်သေးတာ၊အပြင်လည်းမထွက်နဲ့ ဒီရက်ပိုင်းလေတွေတိုက်တယ်၊အန်တီ့ကိုလည်း ဆိုင်ကပြန်လာရင်..."

"ဟာဗျာ ဂျယ်"

ခြံတံခါးနားမှာ မပြီးနိုင်မစီးနိုင်မှာတမ်းစကားတွေကတကယ်ဆို သူအလွတ်တောင်ရ‌ချင်နေပြီ။ရပ်ဖို့လိုနေပြီဖြစ်တဲ့အဲ့ပါးစပ်ကိုလက်ဖြင့် အုပ်ပိတ်လိုက်တော့ ချက်ချင်းလက်ချောင်းရှည်တွေနဲ့သူ့လက်ကိုဖယ်ခွာဆုပ်ကိုင်လာပြီး ရယ်၏။

December With You [Jakehoon]✓Where stories live. Discover now