Chapter•1❖meeting ❖ 

38 3 0
                                    

«unicode»
အချိန်အားဖြင့် နေဝင်ချိန် ။
ကောင်ကင်မှာ ငှက်ငယ်လေးများ ပေါ့ပါးလွတ်လပ်စွာ ပျံသန်းနေကြသည်။
တိမ်တိုက်အချို့ကပျံလွင့်လျက် ‌နီညိုရောင်ကောင်းကင်ကြီးက တိမ်တိုက်ငယ်အချို့နှင့် လိုက်ဖက်လွန်းလှသည်။
ပန်ချီကားချပ်တစ်ခု ပမာ။

ပြတင်းပေါက်နားမှ စာရေးခုံ၌ စာလုပ်ရန်ဟန်ပြင် နေသည့်ကောင်လေးတစ်ယောက် ။ ထိုကောင်လေးသည် ပြတင်းပေါက်အားတစ်ချက်ကြည့်လိုက်ပြီး စဉ်းစားနေသည်။
သူစဉ်းစားနေသည်မှာ

" ပုံဆွဲရမလား စာလုပ်ရမလား ။ ဟာကွာ ရှုပ်လိုက်တာ ကျောင်းကလဲ နောက်သုံးရက် နေ ကျတက်ရတော့မှာ ကျူရှင် ကလဲဘာတွေပေးမှန်းလဲမသိဘူး chemistryကလဲ စိတ်ဝင်စားဖို့ကောင်းသလိုနဲ့ မကောင်းပြန်တော့ဘူး
တော်တော် ငါ တွေးတောနေတာတွေရပ်ပြီး ပုံပဲဆွဲတော့မယ်"

သူသည် သူ့ကိုယ်သူစကားပြောရင်း သူ၏ ပြတင်းပေါက်မှ မြင်ရသည့်မြင်ကွင်းအား ပုံဖော်ရေးဆွဲနေခဲ့သည်။ ထိုစဉ် သူ့အမေအခန်းထဲဝင်လာသည်။

"သားရေ အမေ့သားလေး သူ့ပိုင်ထက်လျှံ အမေ့ကို လမ်းထိပ်က မိသူ့အထည်ဆိုင်ကို
အပ်ချည် အညိုပုတ်ရောင်လေးနဲ့ ဓားစက် လေးပါ တစ်ခါတည်းလိုက်ပေးပါအုံး"

"ဟာ အမေကဗျာ သား သွားချင်ဘူး ပျင်းတယ်။ အမေက ခိုင်းစရာရှိမှ သားလေး ဘာလေးလုပ်ပေးပါအုံး ဘာလေးသွားဝယ်ပေးပါအုံး လုပ်တာ သွားခြင်ဘူးဟာ "

"ဒါလေးခိုင်းတာတောင် မလုပ်ချင်ဘူး လက်ကျောမတင်းပဲ လူလုပ်နေသေးတယ် ဆန်ကုန်မြေလေး မွေးတဲ့အမေကို ပြန်ခံပြောနေတယ်"

"အမေကဗျာ သားမသွားဘူးဆိုမသွားဘူးနော် "

"နင်မသွားဘူးသေခြာလား"

"‌မ သွား ဘူး"

တစ်လုံးခြင်းကို သေခြာကွဲကွဲပြားပြားနဲ့ ရှင်းရှင်းလင်းလင်းလေ ပြန်ပြောလိုက်သည် အနည်းငယ်အသံထွက်သည်ဆိုပေမဲ့ ပြန်အော်သည်လဲ မဟုတ်ပြန်

"ရတယ်လေ ငါ ဒေါ် သက်ထားကို နင်သူ့သမီးလိုက်နေတဲ့အကြောင်းတိုင်ပြောမှာ"

"ဟာအမေ..အမေ ညစ်တယ်ဗျာ မတရားဘူး"

"နင် ဆိုင်သွားပေးရင် ငါစိတ်ကိုငါပြင်ပေးမယ်"

Although,I am straight [OnGoing]Where stories live. Discover now