မင်းကြီးနဲ့သုတလဲ တနေကုန်ပင်ပန်းနေတာမို့
ခနအိပ်ပျော်သွားတယ် သုတနိုးလာတဲ့အချိန်
မှာတော့မင်းကြီးက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေတယ် ခွထားတဲ့ခြေထောက်ကို
အသာလေးဖယ်ချပြီး ကုတင်ပေါ်ကဆင်းလာ
တယ် အင်္ကျီကို သေချာပြန်ပြင်ပြီး
အခန်းဝထွက်လာခဲ့တယ်
"မဆုနန်း ညနေစာပြင်ပေးပါအုံး"
"ဟုတ် မိဖုရားအထူးတလည်စားချင်တာများ
ရှိသလား ...?""မရှိပါဘူး ရှိတာသာယူခဲ့
ဪ ဒါနဲ့ မောင်ကြီးကိုကြည့်ရတာအတော်
ပင်ပန်းထားသလိုပဲ နွားနို့ရှိရင်ယူခဲ့ပါအုံး""ဟုတ်ကဲ့ မိဖုရား"
စားပွဲ ယူဖို့ဆုနန်းက စားဖိုဆောင်ကိုသွား
တယ် စားဖိုဆောင်အရောက်မှာ
"ကဲ ငါကမလာဘူးထင်နေတာ"
"မလာပဲနေမလားနော် မိဖုရားဝမ်းစာကျယ်တာလဲသိသားနက်"
"ဒီနေ့ရော ဘာတွေလုပ်ရအုံးမှာလဲ
ပေါက်ကရဆိုငါနင့်ကိုပဲ လိုက်ရိုက်တော့မယ်""မရှိပါဘူး နွားနို့ပဲလိုတာ"
"အေးအေး
ဪ ဒါနဲ့ မင်းကြီးတို့ကလက်ဆက်ကြတော့မှာဆို ဟီးဟီး""ဟုတ်တယ်လေ နောက်နှစ်ရက်နေရင် လက်ဆက်မှာ"
"ဟွန် အဲ့တာငါတို့စားဖိုဆောင်ကိုဘာမှလဲလာမပြောဘူး.."
"ပြောမှာပေါ့ ဒီလောက် နိုင်ငံရေးတမျိုး မင်္ဂလာဆောင်ကတမျိုး အလုပ်ရှုပ်နေကြတာကို ပြောဖို့မေ့သွားလို့နေမှာပေါ့ မနက်ကျ အရံပစ္စည်းလေးတွေကြိုဝယ်ထားပေါ့ ဘာခက်လို့လဲ "
"အေးပါ နင်ပဲ ငါ့လာလာပြီးဆရာလုပ်နေ"
"လုပ်ရမယ် လုပ်ရမယ်
နန်းတွင်းထဲမှာနိုင်စရာဆိုလို့ စားဖိုမှုးပဲကျန်တော့တယ် ""အမလေးနော် ငါ့စားဖိုဆောင်လာပြီးတော့နော် နုတ်နုတ်စဉ်းခံချင်နေပြီထင်တယ်"
"ဟဲဟဲ စတာစတာ
ထမင်းများများထည့်နော် မိဖုရားဝမ်းကျယ်တယ်သိတယ်မို့လား"
VOUS LISEZ
My King 💞