1

9 2 0
                                    

(uni)

' The Mark'' ဆိုတဲ့ coffee cafe လေးရဲ့ အရှေ့မှာ
Toyota Mark X အမျိုးအစားကားလေးဟာ နေရာယူတယ်။

ဆိုင်ထဲကို ခြေလှမ်းကျဲကျဲနဲ့တစ်လှမ်းချင်းဝင်လာတဲ့ ယောကျာ်းပျိုကို
အမျိုးသမီးတချို့က ငမ်းမောကြပေမယ့်
coffee ဆိုင်ပိုင်ရှင်လေးကတော့ မျက်နှာရှုံ့မဲ့နေရင်း
ဆိိုင်အတွင်းဘက်ကိုပြေးဝင်တယ်။

'' ငယ်ကလည်းကွာ မောင်လာတယ်လေ
ဘာလို့ပြေးနေတာလဲလို့ ဟင့်~~။''

စလာပါပြီ၊
မိန်းကလေးတွေရှေ့ဆိုရင် သူ့ကိုယ်သူ
ဒယ္ဒီလိုလို ၊ စူပါမန်းလိုလို ၊ ဖိုက်တာကြီးလိုလိုနဲ့။
နောက်ကွယ်ကျရင် မျောက်လဥလိုပဲ အရမ်းယွ!

'' ဖယ်စမ်းပါ မောင် ၊
ငါဒီမှာအလုပ်တွေရှိသေးတယ်။''

'' ဟင့်အင်း''

လွန်းမောင် တစ်ယောက် ငယ့်ခါးလေးကိုဖက်ထားရင်း
လည်တိုင်ထက် မျက်နှာအပ်ကာပွတ်သပ်ရင်း
အီနေပုံက ဆိုင်ထဲဝင်လာတဲ့ အခွက်ကြီးနဲ့တခြားစီ။

'' အာ့! ငယ်..''

ရှိုင်းလွင်ငယ်တစ်ယောက် စိတ်ပေါက်ပေါက်နဲ့ ကန်ထုတ်ချေပြီ။

'' ထွက်သွားစမ်း! ကေလးလိုလို ခွေးလိုလိုနဲ့၊
လူကို လာတက်လုပ် လို့သာ ပြောမိရင်
အဲ့ရုပ်နဲ့ အဲ့အခြက္က ချက်ချင်းပျောက်သွားမှာ
မောင့်အချိုးတွေ ရိုးနေပြီ။''

'' ငယ်နော်..''

လွန်းမောင်တစ်ယောက် ပြန်အီလိုက်ပေမယ့်
ငယ့်ရဲ့ မျက်စောင်းကြီးကြောင့် ဆိုင်ပြင်သာထွက်လာခဲ့တယ်။

'' သား..လွန်းမောင် ဘယ်တုန်းကရောက်လာတာလဲ''

'' အာ.. အန္တီ ကျွန်တော်ငယ့်ဆီကိုလာတာပါ
လာမယ့် စနေနေ့ကျရင် ရွာခဏပြန်တဲ့အခါ
ငယ့်ကိုလိုက်မလားလို့''

'' အေးအေး သားလေး ၊
အန္တီ ရှိုင်းလေးကိုခေါ်ပေးမယ်နော်''

ဆိုင်တွင်းထဲဝင်သွားတဲ့ ငယ့်အမေကိုကြည့်ရင်း
လွန်းမောင်တစ်ယောက်တွေးလိုက်မိတယ်။

ငယ့်ရဲ့ အေမကေတာ့ ဖြူဖြူဖွေးဖွေးနဲ့ တရုတ်မကြီးပေါ့။
ဒါပေမယ့် ငယ္ကေတာ့ အဖေနဲ့ပိုတူတာထင်တယ်၊
အညိုဆင်လေးကိုမှ လူမြင်တိုင်း ဖက်နမ်းချင်စရာလေး။

''ရှိုင်းထက်ငယ်ကို လွန်းမောင်က သိပ္ခ်စ္တာဗ်''Where stories live. Discover now