uni
အခုဆိုရင် လွန်းမောင်တစ်ယောက် ကားမောင်းရင်းနဲ့
အပျော်ကြီးပျော်နေရှာတယ်။
ငယ့်လက်ကလေးကို တွဲထားရင်းနဲ့ပေါ့။ငယ်ကလည်း ကျေနပ်ပါတယ်။
နည်းနည်းရှက်ပေမယ့်
ဒီမောင်က ငယ်နဲ့ဒီလိုနေတဲ့လူမဟုတ်လား။
အဲ့တာကြောင့် မောင်အရူးကို မသိချင်ယောင်ဆောင်ထားလိုက်တယ်။''ငယ်..''
'' ငယ်ရေ...''''ပြော ''
''ငယ်ကလည်းကွာ.. ဟိုဘက်ကြီးလှည့်မနေစမ်းနဲ့''
''ဒါဆို ဘယ်လိုနေရမှာတုန်း''
'' မောင့်ကိုကြည့်..မောင်ကိုပဲကြည့်၊
အာဘွားပေးချင်လည်းရတယ်တယ်၊
ပါးလေးကို နမ်းချင်လည်းရတယ်၊ ဒါမှမဟုတ် နှုတ်ခမ်းကိုနမ်းချင်လည်း ငယ့်သဘော..''အသားယူခံချင်လွန်းတဲ့ လွန်းမောင်ကတော့ ပြုံးဖီးပြီး ပြောနေရင်း
ရှိုင်းလွင်ငယ်ရဲ့ မျက်နှာကြီးမဲတက်လာတာကိုတော့
သိသိရက်နဲ့ မသိဖင်ပြောင်လုပ်နေတယ်။'' ဒီမယ် မောင်၊ ကားကိုသေချာမောင်းစမ်း၊
နှစ်ယောက်လုံးမသာပေါ်နေမှ မောင့်မိဘနဲ့တွေ့ရမှာက
ငယ်တို့အလောင်းကြီးပဲဲ ဖြစ်နေပါ့မယ်'''' ခရီးသွားရင်းနဲ့ ပေါက်ကရတွေကွာ! မင်း.. "
လွန်းမောင် တစ်ယောက် ငယ့်မျက်စောင်းကြောင့် ငြိမ်ကျသွားတယ်။
ဟုတ်ပါတယ် ငယ့်မျက်စောင်းနဲ့တင် မောင်ကအရမ်းကြောက်ပါတယ်။
အရင်အချိန်ကတုန်းက ငယ်မျက်စောင်းထိုးတာကို
အလိုက်မသိမိလို့ မောင်တစ်ယောက် ခံလိုက်ရတာအခါခါ။တကယ်လည်း မောင်အလိုက်မသိတာက ဆိုးလွန်းပါတယ်။
မောင့်အိမ်ရဲ့ ဘေးခြံကို ငယ်တို့ပြောင်းလာရာကနေ
ချစ်သူသက်တမ်း တစ်လပြည့်လောက်ကပေါ့။အဲ့ဒီနေ့က မောင် ငယ်တို့အိမ်ကိုလာပြီး
မားအတွက် သစ်ခွပန်းပင်တွေ ဝယ်လာပေးတော့
မားက သူ့သမက်ဖြစ်ချင်နေတဲ့လူကို ထမင်းတွေပါ အတင်းကျွေးနေလေရဲ့။'' သား လွန်းမောင်.. စားရတာအဆင်ပြေရဲ့လားမသိဘူး၊
ရှိုင်းလေးက သခွားသီးသုပ်ရင် အရမ်းကြိုက်တာလေ။
သားလည်းထည့်စားချည်။''
YOU ARE READING
''ရှိုင်းထက်ငယ်ကို လွန်းမောင်က သိပ္ခ်စ္တာဗ်''
Romanceစာရေးသူရဲ့စိတ်ကူးယဉ်မှုများသာဖြစ်ပါတယ်။ S-Dec,23,2022