(1993 in Yangon)
ကားလမ်းမ ထက်က bus မှတ်တိုင်မှာ
bus စောင့်နေကြသော လူငယ်လေး
လေးယောက်။မိန်းကလေး သုံးယောက်၊ ယောက်ကျားလေး
တစ်ယောက်ထဲသာ ရှိသည့် လူငယ်အုပ်စု။"ဟဲ့.....ဟဲ့....အဲ့ကားပေါ်တက်။ ရွှေတိဂုံ ရောက် တယ်"
ထိုလူငယ်အုပ်စု ထဲမှ ကောင်မလေး
တစ်ယောက်ပြောလိုက်သည်။
ထိုအချိန်မှာ bus မှတ်တိုင်ရှေ့ ရပ်လာသော
No.43 လိုင်းကား။"ဦးလေး.....ဒီကားက ရွှေတိဂုံရောက်တယ်မလား"
ကောင်မလေးတစ်ယောက်က စပါယ်ယာ
အကို ကိုလှမ်းမေးလိုက်သည်။"ရောက်တယ်....ညီမလေးတက်တက်"
ထိုလူငယ်တွေလဲ ကားပေါ်ကို အမြန်ဆုံး
ပြေးတက်သွားသည်။"မောင်း...မောင်း...ကားဆရာရေ"
စပါယ်ယာ ရဲ့ မောင်းလို့ရပြီ ဆိုတဲ့အသံကို
ကြားတာနှင့် တပြိုင်နက် ကားဆရာလဲ
စတင်မောင်းထွက်ခဲ့သည်။>>>>
"ကဲ...ကဲ....ရွှေတိဂုံ ဆင်းမယ့်လူတွေရောက်ပြီ"
စပါယ်ယာ ၏ အသံကိုကြာတာနှင့်
ရွှေတိဂုံးဆင်းမယ့် လူတွေ ကားပေါ်မှ
တန်းဆီ ဆင်သွားကြသည်။ထိုလူတွေထဲမှာ လူငယ်အုပ်စုလေးလဲ
ပါသည်။"ဟဲ့....ငါဘုရားပေါ်ရောက်ရင် ဓာတ်ပုံရိုက်မယ်"
"ငါ့ကို စောင့်ပေးကြနော်""ဟဲ့....စိန်ချယ်မ.... နင်ကလေ ဘယ်နေရာ
ရောက်ရောက် ဓာတ်ပုံရိုက်မယ်ဆိုတာကြီးဘဲ""ကဲ.....ပြောမနေပါနဲ့...လွင်ကျော်ရယ်"
"နင်လဲ...သူ့အကြောင်းသိသားဘဲ""မဟုတ်ဘူးလေ....ရတနာ..."
"သူက...မလွန်လွန်းဘူးလား"မိန်းကလေးများက တစ်ယောက်တစ်ပေါက်
ငြင်းခုံပြောနေကြပေမယ့် ဘာစကားမှ
မပြောဘဲ တိတ်ဆိတ်နေသော ကောင်လေး။
ထိုကောင်လေးကို မိန်းကလေးသုံးယောက်က
သတိထားမိသွားသည်။"ဟဲ့....အနော်....ငြိမ်လှရီလား"
လွင်ကျော်ဆိုတဲ့ ကောင်မလေးက
တိတ်ဆိတ်ပြီး ငြိမ်နေသော အနော် ဆိုတဲ့
ကောင်းလေးကို ပြောလိုက်သည်။