*မောင်....မောင်လို့...*
*မောင်..! ယောင်းကိုစိတ်ဆိုးနေတာလားဟင်*
ပြန်မဖြေ ဟုတ်ပါသည်။မောင်ကမနေ့ကကိစ္စနဲ့ ပတ်သက်ပြီး အခုထိ စိတ်ဆိုးလို့နေတုန်း။
ကျွန်တော်မျက်နှာကိုတည်ပြီး သူခေါ်နေတာကိုမသိချင်ယောင်ဆောင်နေတော့ ကျွန်တော့်ယောင်းက. ကျွန်တော့်အားနက်ချက်လေးဖြစ် တဲ့ မျက်နှာငယ်လေးနဲ့ မောင်..! ယောင်းကိုစိတ်ဆိုးနေတာလားဟင် တဲ့
မေးတတ်လိုက်တာဗျာ။ ကျွန်တော်လေ
အဲ့ဒီတုန်းက. ယောင်းကိုဟိုကောင်ကြည့်တဲ့
အကြည့်တွေ ပြောတဲ့စကားတွေကို ပြန်ကြားပြီး အခုထိစိတ်တိုနေတုန်း။
ယောင်းသာလာမဆွဲရင် အဲ့ဒီကောင် အခုချိန်ထိ ငရဲပြည်မှာ ရောက်နေလောက်ပြီ။*မောင်..!လို့ ယောင်းကိုမချစ်တော့လို့လားဟင်။ယောင်းအသံကိုတောင်မကြားချင်တော့ဘူးမလား။ ယောင်းမျက်နှာကိုမမြင်ချင်လောက်အောင်မုန်းနေပြီဆိုရင်လည်း ယောင်းမောင့်ကိုလမ်းခွဲပေးပါ့မယ် ဟင့်မောင်ရယ် ဟင့့်*
ဟောကြည့်ကြပါအုံး အရပ်ကတို့ရေ
ကျွန်တော့်ယောင်းက. သူ့ကိုကျောလေးပေးပြီး မျက်နှာလေးကို လှည့်မကြည်မိတာလေးကို မမြင်ချင်လောက်အောင်မုန်းနေပြီလားတဲ့။
ဘယ်လိုတောင်မေးရက်လိုက်သလဲဗျာ။
ဟော့ဒီကကောင်က သူဆိုတဲ့ ယောင်းကို
ချစ်လို့တောင်မ၀သေးတာ ။ဘာလိုမုန်းရမလဲဗျာ။မေးလဲမေးတတ်ပါ့ မောင့်ရဲ့ယောင်းငယ်ရယ်။ဒီကောင်ကိုမင်းမို့မေးရက်တယ်ကွာ။ ဒီကောင်မင်းကို ဘယ်လောက်ထိချစ်သလဲ။တန်ဖိုးထားသလဲ။မြတ်နိုးသလဲဆိုတာ
လူတွေအားလုံးထက်မင်းအသိပါကွာ။မောင့်ကိုမင်းမို့လို့ကွာ။*စောနစကားလေး ပြန်ပြောကြည့်.ယောင်..!*
ဘယ်လိုပြောရမလဲ စောနကစကားပြန်ပြောတဲ့ သူကြောက်ပါ၏။ မောင့်ကိုယောင်းတကယ်ကြောက်ပါ၏။ ဘာလို့လဲဆိုရင်
မောင်က. လမ်းခွဲစကားပြောရင် အရမ်းစိတ်တိုတာ။စိတ်လည်းဆိုးသေးတယ်လေ။
စောနကမထင်မှတ်ပဲ ထွက်သွားတာ
အခုတော့ မောင်ကို ဘယ်လိုပြောရဲပါ့မလဲ
လို့ ကြောက်ပါတယ်ဆို ဟင့်။
![](https://img.wattpad.com/cover/329898136-288-k700471.jpg)
YOU ARE READING
ယောင်းရဲ့မောင်အဆိုးလေး
Fanfiction*ဟော ယောင်းမောင်ကတစ်ကယ့်အဆိုးလေးကွာ* *မောင်အရမ်းဆိုးတာ ယောင်းအရမ်းလှနေလို့*