ယောင်းရဲ့မောင်အဆိုးလေး
Part*4*
💗💗💗💗💗💗💗💗💗💗💗💗💗
ထယ်ယောင်အိပ်ယာကနိုးလာတော့.....
ထကြည့်မလို့လုပ်တော့...
ခန္ဓာကိုယ်က. ကိုင်ပေါက်ထားသလိုနာကျင်မှုကိုခံစားလိုက်ရသည်။ ခန္ဓာကိုယ် အောက်ပိုင်းကလည်း အရမ်းကိုနာကျင်နေသည်။လူကလည်းနုံးနေသည်။ ဒါပေမယ့် အောက်ပိုင်က. ကပ်စေးစေးတော့မနေပါ။ မောင်သန့်ရှင်းပေးထားတာနေမယ်။ သန့်ရှင်းပေးထားရမှန်းတော့
မောင်သိတတ်သေးတာပဲ။အခန်းအတွင်း လှည့်ကြည့်မိတော့ ဘယ်သူမှရှိမနေပါ။
မောင်ကကောဘယ်သွားတာလဲ မသိဘူး။
သူကို လုပ်ပြီးဒီအတိုင်းထားသွားတာလား။
သူနိုးလာရင်မောင့်ကိုအရင်ဆုံးတွေ့ချင်မှာကိုသိရက်နဲ့လေ။
တွေ့မယ် ပြန်လာလို့ကတော့ မောင့်ကိုမခေါ်တော့ဘဲနေလိုက်အုံးမယ် ဟွန့်။
စိတ်အကြီးကြီးဆိုးတယ်။ဘယ်မှလည်းသွားမရတဲ့အတူတူမောင့်ကိုစောင့်ရင်း မြင်ဖူးနေကျအခန်းအတွင်းကိုပဲ
လိုက်ကြည့်နေမိသည်။****************************************
ဂျောင်ကုပြန်ရောက်ရောက်ချင်း ယောင်းအခန်းကို အရင်ပြေးမိသည်။ သူရဲ့ယောင်းလေး ဒီလောက်ဆို နိုးလောက်ရောပေါ့။
နိုးလို့သူ့ကိုမတေွ့ရင်စိတ်ဆိုးနေအုံးမှာပဲ။ဂျောင်ကုအခန်းတံခါးဖွင်းဖွင်းချင်း လူကိုလာမှန်တဲ့ ခေါင်းအုံးနီနီကြီး။
ဟောကုတင်ပေါ်က. ယောင်းငယ်က. စိတ်ဆိုးနေသည့်ဟန်ကိုပြနေသည်။
သူလေးကမောင့်ကိုစိတ်ဆိုးနေကြောင်
မျက်နှာလေးနဲ့ အမူအရာဖော်ပြနေပါသည်။မျက်နှာလေးကိုမော်ချီလို့ နှုတ်ခမ်းဖူးဖူးလေးတွေကို ခပ်ဆူဆူလေးလုပ်ထားသေး။
မျက်စောင်းသေးသေးလေးတွေကို မသိမသာတစ်ချက် သိသိသာသာတစ်ချက် လှမ်းထိုးနေသည်။
ပါးဖောင်းဖောင်းလေးတွေက. ပို၍ဖောင်ထားသည်။
တစ်ခါတစ်ခါ နာခေါင်းထိပ်ဖျားလေးနားက
မှည့်ကလေးကို လက်ကလေးနဲ့တို့လိုက့်သေး။
စိတ်ဆိုးရင် လုပ်ဆောင်တတ်တဲ့
အပြုအမူလေးအတိုင်း လက်ဖြူဖြူအုအုလေးတွေကို လက်ပိုက်သလိုလေးလည်း လုပ်ထားသည်။
YOU ARE READING
ယောင်းရဲ့မောင်အဆိုးလေး
Fanfiction*ဟော ယောင်းမောင်ကတစ်ကယ့်အဆိုးလေးကွာ* *မောင်အရမ်းဆိုးတာ ယောင်းအရမ်းလှနေလို့*