" ပတ်ဆောင်းဟွန်း! ပြန်ပေး!! "
ဖတ်လက်စစာအုပ်ကိုဆွဲယူပြေးသွားတဲ့ ပတ်ဆောင်းဟွန်းက တကယ်ကိုတစ်ခုခုပဲ။ ကိုယ့်ဘာသာကျောင်းပိတ်ရက်မို့ အေးဆေးထိုင်ရင်းစာဖတ်မည်ကြည့်တော့ အနှောင့်အယှက်လာပေးသော ဆောင်းဟွန်းနောက်သို့ အော်ဟစ်ပြီးပြေးလိုက်ရပြန်သည်။
" ရအောင်လာယူလေ အသေးလေးရဲ့ "
ကျန်တာထက် ကိုယ့်ခန္ဓာကိုယ်ကိုထိပါးလာလျှင် ငြိမ်မခံတတ်သူမို့ ဒေါသကပို၍ပင်ထွက်လာရသည်။
" ပြန်ပေးလို့ပြောနေတယ် အရူးကောင် "
" ငါ့ကိုသင်္ချာကူတွက်ပေးမှ ပြန်ပေးမယ် "
" အခု ငါ့ကိုလာခြိမ်းခြောက်နေတာလား "
" မသိဘူး၊ တစ်ပုဒ်လောက်ပဲကူတွက်ပေးလို့မရဘူးလား ငါ တကယ်မတွက်တတ်တော့လို့ "
" ငါက ဘာလို့ မင်းကိုကူညီရမှာလဲ "
" ရတယ်လေ အဲ့ဒါဆိုလည်း မင်းစာအုပ်ကိုပြန်မယူနဲ့တော့ပေါ့ "
" ဟာကွာ တကယ်ပဲ၊ အေး တစ်ပုဒ်ပဲတွက်ပေးမှာနော် တစ်ပုဒ်ပဲ "
လိုချင်တာရသည်နှင့် စပ်ဖြီးဖြီးမျက်နှာကပြန်ပေါ်လာကာ စာအုပ်ကို မျက်နှာဆီသို့ပစ်ပေးလေသည်။ ရှေ့မကြည့်နောက်မကြည့်လုပ်တတ်လွန်းသော ဆောင်းဟွန်းကြောင့် ထလုပ်ချင်သော်ငြား ပြဿနာထပ်မတက်ချင်တော့၍ လက်သီးသာဆုပ်ရင်း စာအုပ်ကိုဖွင့်လိုက်ရသည်။
" နံပါတ် ၄ ပုစ္ဆာနော်၊ တွက်ပြီးရင် ငါ့ကိုပြော စာအုပ်ပြန်ပေးမယ် "
" အလကား ငပျင်းကောင် "
" မင်းပြောတာ ငါကြားတယ်နော် "
ဆိုဖာခုံတွင်ပျင်းရိစွာထိုင်ရင်း ဆရာကြီးစတိုင်လ်ဖမ်းနေသော ဆောင်းဟွန်းအား ဂျယ်ယွန်းလျစ်လျူရှု၍သာ သူပြောသောပုစ္ဆာကို တွက်ပေးလိုက်တော့သည်။
သူငယ်ချင်းဖြစ်ရုံမက အိမ်နီးချင်းလည်းဖြစ်နေသေးသည်က စိတ်ရှုပ်စရာများထဲကတစ်ခုပင်။ ယခုလည်း ဂျယ်ယွန်းမိဘတွေရော ဆောင်းဟွန်းမိဘတွေပါ ခရီးသွားကြ၍ သူတို့နှစ်ယောက်သာ ကျောင်းတက်ရမည်ဖြစ်၍ မလိုက်ရဘဲ ကျန်နေကြခြင်းဖြစ်သည်။ ထိုထက်ပိုဆိုးသည်က ဂျယ်ယွန်းကို မိဘများက တစ်ယောက်တည်းကျန်နေမည်ကို စိတ်မချ၍ ဆောင်းဟွန်းအိမ်တွင် နေခိုင်းခဲ့ခြင်းပင်။ အခုတော့ တစ်ယောက်တည်းနေရသည်ထက်ပင်ဆိုးစွာ ရန်သူနှင့်တစ်အိမ်တည်းတွင် နေနေရတော့သည်။
YOU ARE READING
𝗠𝗼𝗿𝗲 𝗧𝗵𝗮𝗻 𝗛𝗮𝘁𝗲 || 𝗦𝗨𝗡𝗚𝗝𝗔𝗞𝗘 ||
Fanfiction𝗣𝗮𝗿𝗸 𝗦𝘂𝗻𝗴𝗛𝗼𝗼𝗻 × 𝗦𝗶𝗺 𝗝𝗮𝗲𝘆𝘂𝗻 𝗪𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝘂𝗿𝗺𝗲𝘀𝗲 [𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻 𝗕𝗼𝗼𝗸 - 𝟭]