"I really love you"

707 112 8
                                    

Unicode

ရှောင်ကျန့်ဟာ သူလူပျိုဖော်ဝင်စ အချိန်မှာတင် သူ့ကိုယ်သူ gayတစ်ယောက်ဆိုတာသိခဲ့ရသည်။ သူက တစ်ခြားယောက်ျားလေးတွေလို လှလှပပ မိန်းကလေးတွေထက် ချောမောတဲ့ယောက်ျားလေးတွေကိုသာ စိတ်ဝင်တစားရှိခဲ့၏။

သူ တက္ကသိုလ် ရောက်သည့်အချိန်တွင် မိဘတွေကို သူ့ရဲ့လိင်စိတ်ခံယူမှုအကြောင်း ပြောပြခဲ့ဖူးသော်လည်း ရှေးရိုးဆန်တဲ့ မိဘနှစ်ပါးဟာ လုံးဝလက်ခံနိုင်စွမ်းမရှိခဲ့ကြပေ။ သူတို့က ရှောင်ကျန့်ကို မိန်းကလေးတစ်ယောက်နှင့်အတင်းအကြပ် လက်ထပ်ပေးဖို့ရန်တောင် စီစဥ်လာကြသည်။

ရှောင်ကျန့်က အသည်းအသန်ငြင်းဆိုသည့်အခါတွင် အမွေဖြတ်စွန့်ပြစ်သည့် အခြေအနေထိပါ ဆိုက်ရောက်သွားခဲ့လေသည်။

ရှောင်ကျန့်ဟာ မိဘနှစ်ပါးကို အပြစ်မတင်ပါပဲ ကိုယ့်ဒူးကိုယ်ချွန်ဖို့ရန်သာ ကြိုးစားသည်။ ကံကောင်းစွာဖြင့် သူ့ရဲ့ တစ်ဝမ်းကွဲ အစ်မ ကသူ့ရဲ့လိင်စိတ်ခံယူမှုကို ကန့်ကွက်မှုမရှိသည့် တစ်ဦးတည်းသောလူ ဖြစ်တာနဲ့အညီ ရှောင်ကျန့်အတွက် သူမရဲ့ ကိုယ်ပိုင် ပန်းဆိုင်လေးတွင် အလုပ်ခန့်ပေးခဲ့သည်။ ရှောင်ကျန့်က သူ့အစ်မ ကိုအရမ်းကျေးဇူးတင်သည်။

တစ်နေ့ သူ့ဝမ်းကွဲအစ်မ ကျန်းလီမုန့် ကသူ့ကို အငှားရည်းစားတစ်ယောက်လောက်ထားဖို့အကြံပေးလာသည်။ ရှောင်ကျန့်က ငြင်းဆန်သော်လည်း ကျန်းလီမိန့်ဟာ သူ့ကို အငှားရည်းစား ဝန်ဆောင်မှုပေးသည့် ကလပ်တစ်ခုသို့ဆွဲခေါ်လာခဲ့၏။

အခုခေတ်က တကယ်ထူးဆန်းသည်ဟု ရှောင်ကျန့်ထင်မိသည်။ ရည်းစားတောင် အငှားထားလို့ရသည်အထိ လူတွေက လက်ခံကြသည်မဟုတ်ပါလား။

ကျန်းလီမုန့်က ကလပ်တွင် ရှိသည့် တောင့်တောင့်ဖြောင့်ဖြောင့် ယောက်ျားလေးတွေနှင့် သူ့ကိုမိတ်ဆက်ပေးသည်။ ဘာကြောင့်မှန်းမသိသော်လည်း ထိုယောက်ျားလေးတော်တော်များများ၏ ရုပ်ရည်မှာ သာမန်ရွက်ကြမ်းရည်ကြို သာဖြစ်နေခဲ့လေသည်။

ထိုနေရာ၌ ရှောင်ကျန့်ဟာ မောင့် ကိုစတွေ့ခဲ့သည်။ မောင်က အရမ်းချောပြီး ၊အေးတိအေးစက်ဖြင့် အရှိန်အဝါလည်းကြီးသည်။ သာမန်ရုပ်ရည်နှင့်ယောက်ျားလေးတွေကြား မောင့် ရဲ့ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားမှာ ထင်ထင်ရှားရှားပေါ်လွင်နေခဲ့သည်။

"I really love you" [Oneshot]Onde histórias criam vida. Descubra agora