1🌹

6 1 0
                                    

ခုနှစ်၁၉၃၆

မန္တလာမြို့

နှင်းဆီရိပ်စံအိမ်

"မမ​လေးရိပ်....နေ့လည်စာအဆင်သင့်ဖြစ်ပါပြီ"

ထိုစကား​ကြောင့်အခန်းထဲကထွက်ပြီး
အောက်ထပ်သို့ဆင်းလာလိုက်သည်

သူသည်ထိုနှင်းဆီရိပ်စံအိမ်ကြီးရဲ့အရှင်သခင်တစ်ဖြစ်လည်း....ရိပ်မှိုင်းလွင်

သူသည်​ယောကျာ်း​လေးတစ်​ယောက်ဖြစ်​သော်လည်းမိန်းက​လေးလိုသာ​နေသည်ဝတ်စားသည်

ထိုသည်လည်းသူ၏မိခင်​ကြောင့်ပင်

သမီးမိန်းက​လေးအရမ်းလိုချင်ခဲ့သည့်မိခင်သည်
သူ​မွေးလာ​သောအခါ​ယောကျာ်း​ေလးဖြစ်​ပေမဲ့လို့အမျိုးသမီးတစ်​ယောက်လိုသာဝတ်စား​စေသည်

သို့​ပေမဲ့ အချိန်ကြာလာတာနဲ့အမျှသူသည်အမျိုးသမီးတစ်​ယောက်လိုသာ​နေထိုင်​တော့သည်

"မမ​လေး....ဒီက​နေ့သွားစရာရှိ​သေးသလား
နို့မိစုလိုက်​ပေးရမလား"

"အင်း....ထွေ​ထွေထူးထူးဝယ်စရာ​တော့မရှိပါဘူး
ဒါ​ပေမဲ့ဒီက​နေ့ပိုးထည်​တွေအသစ်​ရောက်မယ်လို့​ပြောတယ်........သွားကြည့်ချင်တယ်"

"ဟုတ်မမ​လေး....ကားအဆင်သစ်ပြင်ထားလိုက်လိုက်ပါမယ်"

သူ​ခေါင်းသာငြိမ့်လိုက်သည်
ထမင်းစားပြီးရင်သူလည်းပြင်ဆင်ရအုံးမည်

ခုနှစ်၁၉၃၆

ရန်ကုန်

ရွှေဂန္နမာစံအိမ်

ကြီးကျယ်ခမ်းနား​​သောစံအိမ်အတွင်း၏ဧည့်ခန်းထဲတွင်ဦးဈာန်ခန့်တို့ထိုင်​နေသည်

"မြို့အုပ်မင်းဈာန်ပြည်ထူး....ကျန်းမာလို့ချမ်းသာပါရဲ့လား"

"ဖေကြီးကလည်း....မ​နောက်ပါနဲ့"

"ငါအ​ဖေဆိုတာလည်းသတိရ​​သေးတယ်​နော်....ရန်ကုန်ပြန်ရောက်တုန်းအ​ဖေကိုဝင်နှုတ်ဆက်မယ်မရှိဘူး....အ​ပျော်ခုံဘက်ဘဲ​ခြေဦးလှည့်​နေတယ်"

"သားကဘိလပ်မှာ​နေတာများ​တော့....မြန်မာမိန်းက​လေ​တွေရဲ့အလှကို​မေ့​နေလို့ပါ​....ဖေကြီးကလဲ"

ရွှေရည်ထူးတဲ့နှင်းဆီပွင့်Where stories live. Discover now