မန္တလာမြို့
ခုနှစ်၁၉၃၆
ကိန္နရီပိုးထည်ဆိုင်
"မမလွင်ရေ....ရိပ်မှာထားတဲ့ပိုးထည်တွေရောက်ပြီဆို
အဲ့တာလေးလာယူတာ""ရောက်ပြီရိပ်ရေ....အနောင်ထဲမှာမမလွင်သွားယူလိုက်အုံးမယ်....ခနထိုင်လှည့်ပါအုံး"
ထိုသို့ပြေပြီးအနောက်ဘက်ကပိုးထည်တွေသွားယူတဲ့မမလွင်ကိုထိုင်စောင့်နေလိုက်သည်
ခနကြာတော့ပိုးထည်လိပ်တွေမပြီးထွက်လာတဲ့မမလွင်နဲ့အကူခေါ်ထားတဲ့ကောင်မလေးကရိပ်ဆီသို့လျှောက်လာသည်ရိပ်လည်းမိစုကိုပိုးထည်လိပ်တွေသယ်ခိုင်းပြီးကားပေါ်တက်လာခဲ့သည်
ခနကြာတော့မိစုကပါတက်လာသည်
ထို့နောက်ကားလေးဟာတဖြည်းဖြည်းရွေ့လာသည်
"မမလေး....ကြားပြီပြီလား မိစုတို့မြို့ကိုမြို့အုပ်အသစ်လေးရောက်လာတယ်တဲ့....ချောတယ်လည်းပြောတယ်ဘိလပ်ပြန်လေးတဲ့တော့"
"ကဲ....ဒီကလေးမကတော့နာချင်နေပြီထင်တယ်
သူ့ဘာသူချောတယ်မကလို့ရုပ်ဘဲဆိုးဆိုးငါတို့နဲ့ဆိုင်သလား""မမလေးကလည်း....မိစုကပြောပြတာပါ"
ရိပ်ရယ်သာရယ်လိုက်တော့သည်ဒီကလေးမ သူနဲ့အဲ့မြို့အုပ်မင်းအသစ်လေးနဲ့အောင်သွယ်ပေးဖို့ကြံနေတာမသိရင်ခက်မယ်
သူကအမျိုးသမီးလိုဝတ်ပေမဲ့
သူကအမျိုးသားတစ်ဦးဘဲမလား
အဲ့တာကိုဒီကလေးမ သိသိရင်းနဲ့သူမေ့နေတာဒီနေ့အဲ့မြို့အုပ်မင်းကိုဧည့်ခံဖို့
အရေးပိုင်မင်းတစ်ဖြစ်ရိပ်သူငယ်ချင်းလရောင်စဥ်က
ပါတီလုပ်မှာလို့ပြောတယ်အင်းသွားသင့်ပါတယ်ကိုယ့်သူငယ်ချင်းဘဲ
လရောင်စဥ်ဆိုသည်မှာရိပ် ဘိလပ် မှာကျောင်းသွားတက်တုန်းကခင်ခဲ့တဲ့သူ
လရောင်ကရိပ်ကိုမိန်းကလေးထင်ပြီးဖွင့်ပြောခဲ့ဘူးတယ်
အမှန်တရားကိုသူသိသွားတော့ခါးခါးသီးသီးဆက်ဆံခြင်းမရှိအရင်လိုမိတ်ဆွေတစ်ယောက်အဖြစ်နဲ့သာရှေ့ဆက်ခဲ့သည်