ကျမတို့စကားညှိနှိုင်းပြောဆိုဖို့အတွက် အချိန်တစ်ခုလိုနေတယ်လို့ မထင်ဘူးလား..........
ကိုယ်အလုပ်မအားဘူးဆိုတာ မင်းလည်းသိနေသားပဲကွာ...
ရှင့်ဆီကဒီစကားမျိုးပဲကြားနေရတာ ဘယ်လောက်ကြာပြီလဲ....ကျမ အလုပ်မရှိဘူးဆိုတိုင်း ကျမရဲ့အချိန်တွေက အားနေတယ်လို့များ ထင်နေသလား .... ရှင်တို့အချိန်တွေကပဲ တန်ဖိုးရှိနေတာမဟုတ်ဘူးနော် ...
" အလုပ်မအားလို့ပါ " ဆိုတဲ့ စကားတစ်ခွန်းကိုဆင်ခြေအနေနဲ့ သုံးလာတာ ဘယ်လောက်တောင်ကြာနေပြီလဲဆိုတာ ပြန်သုံးသပ်လိုက်ပါဦး ကိုပညာတတ်ကြီးရဲ့မင်းစကားတွေလွန်လာပြီ.... စကားဆိုတာပြောတိုင်းကောင်းနေတာမဟုတ်ဘူး
ဟုတ်ပါပြီရှင်....ကျမ ရှင်နဲ့ စကားပြိုင်လည်းမလုနိုင်သလို လုလည်းမလုချင်ပါဘူး ဒါပေမယ့် ကျမ အကြံတစ်ခုတော့ပေးလိုက်မယ်
ကိုယ့်အချိန်ချည်းပဲ တန်ဖိုးရှိတယ် မထင်နဲ့
သူများအချိန်တွေကလည်း တန်ဖိုးရှိတယ်ဆိုတာ အရင်သင်ယူလိုက်ပါဦး.......