Part 1

5.9K 253 7
                                    

I am villain husband
Part 1
(မြို့စားမင်းဝမ်ရဲ့အမျိုးသားကျွန်တော်မြို့စားကတော်ရှောင်းလိုမျိုးအခြေခံပြီး ရေးထားတဲ့ပုံစံဖြစ်ပါတယ်)
---------
ချန်ချင်မြို့ကမူကြိုကြောင်းလေးတစ်ခုမှာပေါ့ ကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်
စာသင်ပေးနေတဲ့ရှောင်ကျန့်ကအတားပြုံးနေတယ် သူကလေးတွေကိုချစ်တတ်တာကြောင့် မူကြိုဆရာအဖြစ်ဝင်လျှောက်တာ
ဘယ်လောက်ပဲဆိုးတဲ့ကလေးဖြစ်ပါစေ ရှောင်ကျန့်ကအလျော့ပေးပြီးချော့
ပေါင်းတယ် အဲ့ကြရင်ဆိုးတဲ့ကလေးကလိမ်မာသွားရော ရှောင်ကျန့်ကကလေးတွေကိုသိပ်ချစ်တတ်တဲ့ လူတစ်ယောက်လို့ပြောလို့ရတယ်။(ငါလည်းပါတာပေါ့ 😝😝)

ကျောင်းဆင်းတော့နဂိုအတိုင်းစက်ဘီးလေးစီးပြီးပြန်တယ်။တောထဲမှာ
သူစိုက်ထားတဲ့အပင်လေး တော်တော်ကြီးနေသလားလို့သိချင်
တာနဲ့တောဘက်လေးကိုကွေ့လိုက်သည်။တောလမ်းလေး
မို့လို့ များသောအားဖြင့်ကုန်ကားတွေပဲ5စီးလောက်လာတယ် ဒီအချိန်မှာဆို
ရင်ဘယ်ကားမှမလာမှန်းရှောင်ကျန့်သိသည်။

စက်ဘီးလေးကိုစီးရင်းနဲ့လေညှင်းလေးတွေကိုခံစားမိသည် စက်ဘီးစီးရင်းနဲ့ဘေးဘက်တွေကိုအကြည့်ပို့မိတော့ ကျယ်ပြောလှတဲ့မြစ်ကြီးကိုတွေ့လိုက်ရသည် စက်ဘီးကသွားနေရင်း
နဲ့မှပဲ အနည်းငယ်ကြွတက်သွားတာကြောင့် မျက်လုံးများပြူးလာပြီး
စက်ဘီးကိုခဏရပ်ချလိုက်ကာနောက်လှည့်ကြည့်မိသည်။

ခုနကစာအုပ်ကိုစက်ဘီးကတက်နင်းမိသွားတယ်ထင်တယ်စာအုပ်ကအနည်းငယ်နွမ်းကျေသွားတယ် ရှောင်ကျန့်အဲ့စာအုပ်ကိုကောက်ကိုင်ကာပထမစာမျက်နှာကိုဖတ်လိုက်သည်
ဝတ္ထုအစမှာတင်သူ့နာမည်ပါလာတာကြောင့် စာအုပ်ကိုပြန်ပိတ်လိုက်တယ်
ဟိုကြည့်ဒီကြည့်နဲ့ ဒီကိုလည်းညနေဘက်ကျောင်းဆင်းချိန်မည်သူမှလာမှာမဟုတ်သေးဘူး
ဆိုတော့စာအုပ်လည်းပိုင်ရှင်မရှိမှန်း သိတာနဲ့ယူသွားလိုက်တော့သည်။

အိမ်ရောက်တာနဲ့စက်ဘီးကိုရပ်ထားကာပြေးဝင်ပြီးအိမ်ပေါ်ထပ်ကသူ့အခန်း
လေးစီသွားကာအိပ်ယာပေါ်လှဲပြီးဝတ္ထုကိုဖတ်နေလိုက်သည်။
စိတ်ဝင်စားဖို့တော့ကောင်းသားပဲ လို့ရှောင်ကျန့်တွေးထင်လိုက်ပါတယ်။

I am villain husband (ခတ်ေတ ရပျနား)Where stories live. Discover now