Part 22

1.1K 97 6
                                    

I'm villain husband
Part 22
____________
ရှောင်မားက တစ်ပတ်တစ်ခါလောက် အိမ်ကိုလာနေတော့ ရှောင်ကျန့်မှာခဏခဏသက်ပြင်းချရသည် လာလိုက်ရင်လည်း
ကွာရှင်းဖို့အကြောင်းတွေပဲပြောနေကြတာ ပြီးတော့သူမလာတဲ့အချိန်တွေက မြို့စား၀မ်မရှိသောအချိန်တွေ။

"ရှောင်ကျန့် မားခဏခဏ လာပြောနေရတာ တော်တော်လေးမောနေတယ်"

"အဲ့တာဆိုလည်းလာမပြောနဲ့တော့လေ"

"မင်း!"

"ကျွန်တော်လည်း မပြန်လာနိုင်ပါဘူးလို့ ပြောနေတာမောနေပြီ"

"မင်းစော်ကားလှချည်လား ငါအမေနော် မင်းရဲ့အမေနော်"

"ဘာလဲ သားသမီးအိမ်ထောင်ရေးလာဖျက်တဲ့အမေလား"

"အေးပေါ့လေ နင်လည်း မိဘနေရာရောက်တဲ့တစ်နေ့နားလည်လာလိမ့်မယ် အော်...ဟုတ်သားပဲ မင်းကအခု ပထွေးတစ်ယောက်ဖြစ်နေတာကို"

"အားဟုံလေးကိုဆွဲမထည့်ပါနဲ့ "

"ဘာလဲ ရှောင်ကျန့် နင်ဒါ‌ကျတော့နာတတ်တာလား"

"...."

ရှောင်ကျန့်မျက်နှာလွှဲလိုက်သည် ကြင်နာတတ်တဲ့အမေရှိဖို့ကို
မျှော်လင့်ခဲ့တာအခုက အိမ်ထောင်ရေးကိုလာဖျက်နေတာနဲ့တောင်
တူနေတယ် အချို့အမေတွေဆိုရင် ကိုယ့်သားသမီးအိမ်ထောင်ရေးမပြိုကွဲဖို့အရေးကို ဘေးနားကနေ
ကူညီပေးနေကြတာ ။

"ပါးပါး...."

အားဟုံလေးကဘေးနားလာထိုင်သည် သူ့မျက်နှာမိူင်သွားလို့
လာတာဖြစ်ပါလိမ့်မယ် ။

"အားဟုံ.... နူတ်ဆက်လိုက် ဒါကသားရဲ့အဘွား"

"မဂ်လာပါဘွားဘွား သားကအားဟုံလို့ခေါ်ပါတယ်ဗျ....‌တွေ့ရတာ၀မ်းသာပါတယ်"

အားဟုံလေးကတရိုတသေနဲ့ ခေါင်းလေးညွှတ်ကာ ပြောသည်
အရင်လိုပိန်လီနေတာမျိုးမဟုတ်တော့ပဲနဲ့ ရှောင်ကျန့်ကမြင်တိုင်း
မုန့်တွေ ထမင်းတွေပဲဇွတ်ကျွေးနေတာကြောင့် ၀ဖြိုးဖြိုးလေးတော့
ဖြစ်နေပါပြီ။

"အင်း...၀မ်းသာတယ်"

ရှောင်ကျန့်မားကခပ်ပြတ်ပြတ်ပြောပြီး လက်ဖက်ရည်ကိုသောက်နေသည် အားဟုံလေးကကြောက်သွား
ပုံပေါ်တယ် အေးပေါ့လေ တည်တည်တံ့တံ့နဲ့ မျက်မှောင်ကြီးကျုံ့ပြီး
ပြောလိုက်တာဆိုတော့လည်း။

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

I am villain husband (ခေတ္တ ရပ်နား)Where stories live. Discover now