Part 3

2.1K 220 4
                                    

I am villain husband
Part 3
------
ရှောင်ကျန့်ကိုယ့်ပါးစပ်ကိုလက်နဲ့အုပ်မိလိုက်သည်သူဘယ်လိုလုပ်ပြီး
ထွက်ပြောမိသွားတာလဲ အခုမှတွေ့မိတဲ့သူတစ်ယောက်ကိုဒီလိုပြောမိတာ
ရှက်ဖို့ကောင်းတယ်။

"ပြော"

ထိုသူစီမှခပ်အေးအေးလေသံကရှောင်ကျန့်ကိုကြက်သီးထစေသည် ဗီလိန်ရဲ့
လေသံက လုံးဝကိုhandsomeဖြစ်တဲ့အသံ။

"ဟိုလေ..."

ပြောမဲ့သာပြောတာဘာပြောရမလဲတောင်မသိဘူး။မြို့စားဝမ်ကမျက်ခုံးနှစ်ခု
တွန့်ချိုးသွားသည်ကိုသူသတိထားမိသည် ထိုအမျိုးသားကိုသူနှောင့်ယှက်
မိပြီထင်တယ်။

"ကောင်းသောညပါလို့ပြောတာ"

ကြုံရာကျပန်းတွေးမိတာလေးကိုပြောထည့်လိုက်တော့ အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းလေးငြိမ့်ပြပြီးတံခါးပိတ်သွားတယ် ဘာမှ
တောင်ပြန်မပြောသွား ဘာလဲဟ အချေပဲ ရတယ်လေ မပြောချင်ရင်မပြော
နဲ့ပေါ့။

ရှောင်ကျန့်သူ့အခန်းလေးစီသွားတော့ အိပ်ယာပေါ်မှာအားဟုံလေးကနှစ်ခြိုက်စွာနဲ့အိပ်ပျော်နေတာ စောင်လေးကို
ခြုံပြီးကွေးထားတာပုဇွန်ထုပ်လေးကျနေတာပဲ။

"ချစ်စရာကောင်းလိုက်တာ"

မူကြိုဆရာလေးပီပီကလေးတွေကိုချစ်တတ်တာမဆန်းတော့ပါဘူး။
ရှောင်ကျန့်ကဘေးနားကိုဝင်ကာ သူပါအိပ်လိုက်သည် ။

"အင့်...အင့်"

အားဟုံကအိပ်ရေးဆော့ကာသူ့ကိုလာကန်သည် ရှောင်ကျန့်ကအသာလေး
ထိန်းကာ ခန္ဓာကိုယ်လေးကိုလက်နဲ့ခပ်ဖွဖွလေးပုတ်ပြီးပြန်ချော့သိပ်တယ်။

"ကျွတ်..ကျွတ်..ကျွတ်..ဦးရှိတယ် အားဟုံလေး"

"အင်း...ဟင်း..."

အားဟုံလေးကပါးစပ်လေးကိုဟကာတစ်ဖန်ငြိမ်ပြီးအိပ်ပျော်သွားပြန်တယ်
ရှောင်ကျန့်ကသူ့ပါးစပ်လေးကိုပိတ်ပေးတယ် အဲ့ကျတော့ဟိုဘက်လှည့်ပြီး
အိပ်ပျော်သွားတယ် ရှောင်ကျန့်လဲမျက်လုံးတွေမှိတ်ကာအိပ်ပျော်သွားတော့တယ်။
---
အဲ့ထဲကမောင်က သူ့ရဲ့စိတ်ကိုဝင်လာခဲ့တယ် ဘယ်ကနေပြောရမလဲမျက်ဝန်းနက်တွေက တစ်သက်မမေ့နိုင်တဲ့မျက်ဝန်း
နက်တွေခပ်အေးအေးလေသံလေးနဲ့မောင့်ကို စတွေ့ခဲ့ရတယ်။
-------
မနက်ကျတော့နေရောင်ခြည်ကသူ့မျက်နှာလာထိုးတာကြောင့်ထလိုက်သည်
ပုံမှန်ဆိုရင်စောစောနိုးနေကြပါပဲ 7နာရီပဲ ဒါပေမဲ့ဘေးနားမှာအားဟုံလေး
မရှိတော့ဘူး သူထပြီးရေချိုးခန်းထဲဝင်လုပ်စရာရှိတာလုပ်ပြီးမှစားသောက်ခန်းဘက်ကို
ဦးတည်လိုက်သည်။
အဲ့မှာမြို့အုပ်ဝမ်ကထိုင်ပြီးစားနေတုန်းပဲရှိသေးတယ် မကောင်းတတ်တာ
ကြောင့်ကိုယ့်ဘက်ကနေပဲစကားစလိုက်တယ်။

I am villain husband (ခတ်ေတ ရပျနား)Where stories live. Discover now