1

511 60 10
                                    

Hi , ကျွန်တော်ကတော့ Watanabe Haruto ပါ တစ်နည်းအားဖြင့်ထပ်ပြောရရင် Park Jeongwoo ဆိုတဲ့ကောင်လေးရဲ့ ကိုကို ပေါ့ ဗျာ ကျွန်တော်နဲ့ အသဲငယ်လေး က ဒီလို စတွေ့တာပေါ့

Flash Back ~

အထက်တန်းကျောင်းတစ်ခုရဲ့ အားကစားဆောင်မှာ ဘတ်စကက်ဘောဆော့နေတဲ့ ကျောင်းရဲ့ အချောဆုံး ကျောင်းသား Haruto ... အရမ်းချောလွန်းလို့ ဘေးနားမှာ ကောင်လေးတွေ ကော ကောင်မလေးတွေကော ဝိုင်းဝိုင်း လည် နေတာပေါ့ အဲ့ထဲမှာ Park Jeongwoo ဆိုတဲ့ ချောကလက် အသားရောင် နဲ့ ကောင်လေးလဲပါတာပေါ့ တစ်နေ့ ....
Haruto ရဲ့ စားပွဲပေါ်မှာ နေ့တိုင်း နေ့တိုင်း နို့ဘူးတွေ အစားအသောက် တွေ ပန်းစည်း လက်ဆောင်စုံနေအောင် လာထားကြတယ် ဒါပေမဲ့ အဲ့ထဲမှာ Haruto အမြဲတမ်းရွေးတာ တစ်ခုထဲပဲ Chocolate Milk ဘူးလေး ဒါဘယ်သူ လာထားတာမှန်း သူအမြဲသိတယ်လေ အကြိုက်ဆုံး သောက်စရာက Cocacolar ဆိုပေမဲ့ အချစ်ဆုံးလေးက လာထားတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ ဒါကိုတော့ စာဖတ်သူ FA တွေက ဘယ်လိုလုပ်သိပါ့မလဲ ..

ကျောင်းဆင်းတော့ Jeongwoo ကျောင်းအပြန် လမ်းလျှောက်နေတုန်း ခေါင်းကို ဘောလုံး တစ်လုံး လာမှန်တယ် တော်တော်ကို အရှိန်ပြင်းတာ ခေါင်းတောင် မူးထွက်သွားတယ် ဘယ်ကကောင်လဲ ဆိုပြီး ဆဲ မလို့ နောက်ကို လှည့်ကြည့်လိုက်တော့ ဘောလုံးလာကောက်တာ ကိုကို ဖြစ်နေတယ်လေ အဲ့တာနဲ့ Jeongwoo လဲ သွားဖြီးပြလိုက်တာပေါ့

" နာသွားသေးလား ဘေဘီ "

ဆိုပြီး Haruto က ခေါင်းကိုပါ ပွတ်ပေးတော့ Jeongwoo ရဲ့ ရင်ထဲမှာ မီးရှူးမီးပန်းတွေဖောက်နေသလား ဝုန်းဒိုင်းကို ကြဲနေတော့တယ်

" ဘာ ... ဘာမှ မဖြစ်ပါဘူး "

အဲ့လိုပြောပြီးထလိုက်တာ ခေါင်းမူးသွားတဲ့ အရှိန်နဲ့ ထပ်လဲတာ ကိုကို့ ရင်ခွင်ထဲကို ကွက်တိ

" ဟော သတိထားပါဆို ဘေဘီ ရယ် ရရဲ့လား လာ ကိုယ်နဲ့ ဟိုနားမှာ သွားထိုင်ရအောင် "

" အမ် ဟုတ် "

အဲ့တာကို အစ အဆုံး ကြည့်နေရတဲ့ Jihoon , Yedam , Junkyu , Asahi တို့ကတော့ စိတ်လေနေတဲ့ မျက်နှာနဲ့ ကြည့်နေကြတာပေါ့

Yedam - အဲ့တာဘာဖြစ်နေကြတာလဲ

Asahi - ဝေါ့ မချိမဆန့် တွေ ဖြစ်ပြနေတာ Jeongwoo, Yoon Jaehyuk လက်ထွက်လို့မပြောရဘူး

Junkyu - အေးလေ သူ့ခေါင်းကို ထိမိတာ ငါတို့ သာဖြစ်ကြည့် စွာလိုက်မယ့်ဖြစ်ခြင်း

Jihoon -Haruto နဲ့ ငါတို့နဲ့ကွာတယ်လေ သူငယ်ချင်း ရယ်

Hajeongwoo 2 ယောက်ကတော့ ချစ်ကြည်နူးတစ်တီတူး နေဆဲ ...

Flash back end ~

" ကိုကို ! ကိုကို !!! "

"ဟမ် ဘေဘီ ဘာဖြစ်လို့လဲ "

"ဘယ် ကောင်မ အကြောင်းတွေးပြီး အဲ့လောက်တောင်ပြုံးဖြီးနေတာလဲ ဟမ် ! "

" ဘယ်သူ့အကြောင်းမှ မတွေးပါဘူး ဗျာ ကိုယ့်ဘေဘီ လေး အကြောင်းတွေးနေတာ ပါဗျ "

( အဲ့မှာ ခဗျားတို့ကို ပြန်ပြောပြနေတာနဲ့ ကျွန်တော့် ဘေဘီ လေး စိတ်ဆိုးသွားပြီ တကယ်ပါပဲ )

.

.

.

.

.

.

All I can say is SORRY လေးက ခါး မှာဆိုတော့ ဒီဘက်မှာ ရယ်ရမဲ့ Hajeongwoo Fic လေးနဲ့ ထပ်မိတ်ဆက်ပေးပရစေ ဒါကတော့ တကယ့်ကို ပေါ့ပေါ့ပါးပါး လေးပါ နောက်ပြီး Real Life က Moment လေးတွေ ထည့်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး နော်

Happy LifeWhere stories live. Discover now