Sahi kun ရဲ့ အမေ ၏အသံကြောင့် အောက်သို့ဆင်းလာခဲ့ကြသည် ။ ဒီနေ့ Osaka ကို လျှောက်လည်ကြမယ် ဆိုပြီး ကားငှားပေးထားခြင်းဖြစ်သည် ။
အရင်ဦးဆုံး လည်ပတ်စရာနေရာ TSUTENNKAKU ကိုသွားမယ် ဟု Sahi kun ကပြောတာကြောင့် ထိုနေရာသို့ အရင်ထွက်လာခဲ့ကြသည် ။
ရောက်တာနှင့် ကားပေါ်က ဆင်းကြရင်း Junkyu Hyung က ကားအမိုးနှင့် တိုက်မိသွားသေးသည် ။
" Hyung အဆင်ပြေရဲ့လား "
ကားပေါ်က အရင်ဆင်းသွားသော Mashi hyung က Junkyu hyung ခိုက်မိသွားတာကို ဘယ်လိုသိလဲ တော့ မသိဘူး ချက်ချင်းပြန်လှည့်လာတယ် ဗျာ ။
" ပြေတယ် ပြေတယ် သွားကြရအောင် "
Junkyu ကလည်း Mashi အနားရောက်လာသည်နှင့် မနာတော့သလို ပြုံးပြုံးလေး နှင့် ပုခုံးဖက်ကာ ထွက်သွားသည် ။
ကားထဲတွင် ကျန်နေခဲ့သော Hajeongwoo မှာ စိတ်ပျက်နေတဲ့ မျက်နှာများနှင့် ...
လမ်းတွေ ထဲ ကို ပတ်လျှောက်နေတုန်း Billiken ရုပ်ထုကြီးကိုတွေ့တော့ Junkyu မှ ဒါ ဘာကြီးလဲ လို့မေးလိုက်လေသည် ။
" ဒါ Billiken လို့ခေါ်တယ် သူ့ ခြေထောက်ကြီးတွေကို ထိရင် ကံကောင်းတယ်လို့ ယုံကြည်ကြတယ် "
ဟု Asahi မှပြန်ဖြေလေသည် ။
12 ယောက်လုံး အရုပ်ကြီးခြေထောက်ကို ထိပြီး ဆက်လျှောက်လာပြီးနောက် ကစားစရာနေရာတစ်ခုကိုတွေ့လေသည် ။
ဂိမ်းတွေပတ်ဆော့ကြတာ တကယ်ကိုပျော်စရာကြီးပင် ။ အရုပ်ကောက်စက် တွေ ဘေဘီ က အရုပ်လိုချင်သည် ဆိုလို့ Haruto ရအောင် ကောက်ပေးခဲ့သေးသည် ။
Junkyu hyung နဲ Doyoung hyung ကတော့ လက်မောင်းလှဲတဲ့ စက်ကို နိုင်လိုက်သားနှင့် ရှုံးအောင်ဆော့နေလေသည် ။
ဂိမ်းအားလုံး စုံအောင် 1 နာရီလောက် ဆော့ရင်း ဗိုက်ဆာလာကြသည်မိုလို့ ညနေစာ စားရန် ဈေးတန်းဘက်သို့ လျှောက်လာခဲ့ကြသည် ။
Osaka ရဲ့ မုန့်ဈေးတန်းတစ်လျှောက် မုန့်တွေကို စုံ အောင်လိုက်စားခဲ့ပါသည် ။ အနည်းငယ် အေးသည့် အတွက် ခေါက်ဆွဲ ပူပူလေး စားလိုက်ကြပြီး လမ်းတစ်လျှောက် အသားကင်နှင့် အချိုမုန့်အချို့ကိုလည်း စားခဲ့ကြသေးသည် ။
YOU ARE READING
Happy Life
Fanfiction" ငါ ဒီတစ်ခါလုံးဝ မချော့ဘူး " ဒီ Hajeongwoo Fic လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေကိုပဲ ပုံဖော်သွားမှာပါ