2 ယောက်သား အိပ်လိုက်ကြတာ ညနေစောင်းမှ နိုးလာခဲ့ကြသည် ။ အဲ့တာတောင် အဒေါ်ကြီး က ညစာစား ဖို့ လာခေါ်လို့ နိုးလာခဲ့ခြင်းဖြစ်သည် ။
ဆောင်းတွင်း ဖြစ်သည်မိုလို့ ညချမ်းက အနည်းငယ်တော့အေးသည် ။ ဘေဘီ ရောက်လာတဲ့ အထိမ်းအမှတ် အနေနဲ့ မီးလင်းဖိုမှာ မီးလှုံ ကြသည် ။ မီးလှုံသည့်သူ များများစားစား တော့မရှိ အဒေါ်ကြီး တို့ လင်မယား ရယ် သူတို့ သမီးရယ် အလုပ်သမား 2 ယောက်ရယ်သာဖြစ်သည် ။
" Jeongwoo oppa "
အဒေါ်ကြီးတို့ သမီး Somin စီမှ အသံထွက်လာလို့ Jeongwoo တင်မက Ruto ပါလှည့်ကြည့်လိုက်မိသည် ။
" ပြောပါ Somin လေး "
" Oppa သမီး အရွယ်ရောက်ရင် သမီး နဲ့ လက်ထပ်ပါလား"
သူ့သမီး ပါးစပ်ကို လက်နှင့် လမ်းပိတ်လိုက်သော ဦးလေးကြီး ၊ လန့်သွားသော Jeongwoo က ပြန်မဖြေခင် Ruto ကို လှည့်ကြည့်မိသည် ။ ဘေဘီ့ ကိုကို မျက်နှာကြောက တင်းလျက် Jeongwoo တော့ ဒီည ချော့ရပါပေဦးမည် ။
" Somin ဘာတွေ လျှောက်ပြောနေတာလဲ "
ဦးလေးကြီးက ဆူသည် ။
" မဟုတ်ဘူးလေ Oppa က အရမ်းချောလို့ "
" ချောလည်း ပြောစရာလား "
" ဘာမှမဖြစ်ပါဘူး ဦးလေးရယ် ထားလိုက်ပါ ကလေးက ငယ်ငယ်လေးရှိသေးတာကို "
Jeongwoo ကလှမ်းတားလိုက်သည် ။
" ဒီကလေး ငယ်ငယ်လေးနဲ့ ဒီလို အတင့်ရဲ နေတာ သူ့အမေ အတိုင်းပဲ "
" ကျွန်မ နဲ့ ဘာဆိုင်လို့တုန်း "
သူတို့ မိသားစု စကားတွေပြောနေတုန်း Ruto က မတ်တပ်ရပ်ပြီး
" ကျွန်တော် အထဲဝင်တော့မယ် ဗျ ညစာ အတွက် ကျေးဇူးတင်ပါတယ် ကောင်းကောင်းစားခဲ့ရပါတယ် "
ကျေးဇူးတင်ပါတယ်သာပြောတာ Ruto မျက်နှာသည်အရယ်အပြုံးမရှိ ၊ ပြောပြီးတာနှင့် အိမ်ထဲ တန်းဝင်သွားသည် ။
" ကိုကို ၊ ကိုကို !! "
Jeongwoo ခေါ်လဲ လှည့်မကြည့်တော့ ။
" ကျွန်တော်လဲ ဒီလောက်နဲ့ ဝင်တော့မယ် "
နို့ခွက် ကလေး ကို သစ်သားခုံပေါ်တင်ပြီး အိမ်ထဲလိုက်ဝင်သွားသည် ။
YOU ARE READING
Happy Life
Fanfiction" ငါ ဒီတစ်ခါလုံးဝ မချော့ဘူး " ဒီ Hajeongwoo Fic လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေကိုပဲ ပုံဖော်သွားမှာပါ