PART (2)

477 56 11
                                    

ဒင်နာပွဲ ပြီးသည့် အချိန်သည် ညဆယ့်တစ်နာရီ ဝန်းကျင်ခန့်။ မျက်ကပ်မှန် တပ်စ မရှိသည့် လူက ဒီနေ့ တစ်နေ့လုံး မျက်ကပ်မှန် တပ်ထား၍လား ဒါမှမဟုတ် ဝိုင်တွေ အများကြီး သောက်ထား၍လား မသိ။ ဘတ်ဟျွန်း၏ မျက်လုံးတွေသည် လေးလံနေကာ ခေါင်းထဲ၌လည်း မူးနောက်နောက် ဖြစ်သလို ခံစားနေရ၏။ မနက် မိုးလင်းခါနီး ကတည်းက ယခုအချိန်ထိ ဝတ်စုံပြည့် ဝတ်ဆင်ထားရသည်က တစ်ကြောင်း ပွဲလာသည့် ပရိတ်သတ်များကို အချိန်ပြည့် ပြုံး၍ နှုတ်ဆက်နေရသည်က တစ်ကြောင်း ဘတ်ဟျွန်း၏ စိတ်ရော လူပါ ပင်ပန်းနေရပြီ ဖြစ်၏။ တစ်နေကုန် အရေးပေါ် လူနာတွေဖြင့် ဖြတ်သန်းခဲ့ရစဉ်တုန်းကပင် ယခုလောက်ထိ ပင်ပန်းခဲ့ခြင်း မရှိ။ အလုပ် ပင်ပန်း၍ မပြုံးဘဲ မျက်နှာကြောကို လျော့ထားလျှင်တောင် အချိန်ပြည့် မက်စ် (Mask) တပ်ထားရသည့် အတွက် ဘတ်ဟျွန်းအတွက် သက်သောင့်သက်သာ နေနိုင်သေးသည်။ ယခုမှာတော့ နှစ်ဖက် စီးပွားဖက်များ၊ သူငယ်ချင်းများပါ သာမက သတင်း၊ မီဒီယာများပါ ရှိနေသည့် အတွက် ဘတ်ဟျွန်းခမျာ ပင်ပန်းနေသည်ကြားကပင် အားတင်း၍ ပြုံးထားရ၏။

ဖြစ်နိုင်လျှင် သည်လို အနေရခက်သည့် ဝတ်စုံကြီးတွေ၊ မျက်ကပ်မှန်တွေကို ယခု ချက်ချင်းပင် ချွတ်ကာ ကုတင်ပေါ်သို့ ခုန်ဆင်း၍ တစ်ချိုးတည်းသာ အိပ်ချပစ်လိုက်ချင်သည်။ ဘတ်ဟျွန်းကသာ ထိုကဲ့သို့ ပင်ပန်းနေပေမဲ့ ချန်းယောလ်ကတော့ ပင်ပန်းသည်ဟု ခံစားရဖို့ ဝေးစွ နှစ်ရှည် စီမံကိန်းကြီးကို အောင်မြင်သွားသည့် အလား မျက်နှာသည် မော်ကြွားဟန် အပြည့်ဖြင့် ဖြစ်နေ၏။ မိမိ အပေါ် အထင်အမြင်သေးသည့် မျက်လုံးများဖြင့် ကြည့်ခဲ့ကြသည့် လူများသည် ယခုတော့ ချန်းယောလ်ကို ဟန်ဆောင် ပြုံးပြရင်း ရင်ထဲမှ မပါသည့် ဂုဏ်ပြုစကားများကို အလုအယက် ပြောနေကြတော့၏။ အင်အားကြီးမားသည့် စီးပွားရှင်တစ်ဦး အဖြစ်သို့ တဖြည်းဖြည်း ရောက်လာပြီ ဖြစ်သည့် ချန်းယောလ်နှင့် မိတ်ဖွဲ့ရန် စကားလမ်းကြောင်းများကို လုယူ ဖန်တီးလာကြတော့သည်။ ချန်းယောလ်အတွက်တော့ ယနေ့သည် ဖြတ်သန်းလာခဲ့သည့် နေ့ရက်များထဲ၌ အမော်ကြွားနိုင်ဆုံး၊ ဂုဏ်အယူရဆုံး နေ့ပင် ဖြစ်တော့သည်။

You've reached the end of published parts.

⏰ Last updated: Dec 28, 2022 ⏰

Add this story to your Library to get notified about new parts!

𝙈𝘼𝙍𝙍𝙄𝙀𝘿 𝙏𝙊 𝙋𝙍𝙄'𝙨 𝘾𝙀𝙊Where stories live. Discover now