part 2

182 8 0
                                    

"ကဲ တော်ကြတော့ အဲလောက်မအော်နေကြနဲ့ နင်တို့သိမ့်ကိုကဲတယ်"
"သမီးလေး တတိယခုံ မှာသွားထိုင်"
"ဟုတ် ဆရာမ"
"ကဲကဲအားလုံး တိတ်တော့ ဆူလို့ကိုမပြီးဘူးနင်တို့ အဲလောက်စကားများနေတာ နောက်နေ့နင်တို့သူငယ်ချင်းတွေကို အိမ်ခေါ်သွားကြ"
"ဆရာမ တကယ်‌လား"
"ဟဲ့ ဖျက်ရိုက်လိုက်ရ ဆရာမကိုလာရွဲ့သေး"
"မေထွန်းအိမ်နင် အကဲဆုံး"
"ဟာဆရာမ သမီးဘာမလုပ်ပါဘူး"
"နင်စလို့တခန်းလုံးဆူညံတာ နင်ခေါင်းဆောင်ပဲ"

တခန်းလုံး‌ နောက်ကြိမ်ပြန်ရယ်နေကြတော့သည်။
မေထွန်းအိမ်ဆိုသည်မှာ လိမ္မာပါးနှပ်လှတဲ့ ကျောင်းသူလို့ဆိုရမလား သူမက သိမ့်ကိုလည်တယ် စကားလဲအရမ်းတက်တယ် လူချစ်လူခင်ပေါများတယ်ပဲပြောရမှာပေါ့။ ပြီးတော့ ဆရာမတိုင်းကိုသူကိုမသိသလောက်ရှားတယ် ဘာလို့ဆို အမြဲအကြောင်းမျိုး"နဲ့ ရုံးခန်းတက်နေကြရတယ်။

"အခန်းနံပါတ်၅ကို ကြည့်မယ်"
"ဟဲ့ဘာတွေ ရုတ်ရုတ်ယဲယဲဖြစ်နေကြတာလဲ"
"ဖတ်စာအုပ် မပါတဲ့သူတွေ ခုံပေါ်မတ်တပ်ရပ်ကြစမ်း"
"မနေ့ကမှ အတန်တန်မှာလိုက်တာကိုမေ့ဖြစ်အောင်မေ့ကြတယ်နင်တို့ မပါတက်တဲ့သူ ရပ်ကြ အကုန်လိုက်စစ်မှာနော် နင်တို့ကို"
"ဟဲ့ လင်းလက် စာအုပ် ငှားပါအုံး ငါအရိုက်ခံရတော့မယ် ကျောင်းသူအသစ်ရောက်ထားတာ ရှတ်စရာကြီး"
"ဟင် ငါ့မှာလဲတစ်အုပ်ပဲ ပါလာတာဟ"
"မသာကောင် နင်တွေ့မယ်"
"မေထွန်းအိမ် ပဲလားဒီတစ်ခါလည်း"
"မဟုတ်ပါဘူး ဆရာမရဲ့ သမီးပါပါတယ် မနက်ကမှစားပွဲပေါ်တင်ထားတာ ဘယ်နားရောက်သွားလဲမသိဘူး အဲတာဆရာမ ခဏလေးပဲစောင့် ခဏပဲ သမီး.."
"ဆင်ခြေတွေ လုပ်မနေနဲ့ နင်နော် ဒီ‌ေန့တော့ခွင့်လွတ်လိုက်မယ် ကျောင်းသူသစ်ရှေ့မှာ ငါမအော်ချင်ဘူး အဟမ်း"
"ဟုတ်ဆရာမ ဟဲဟဲ"
"မသာကောင် နင်တို့တစ်ယောက်မှ အားမကိုးရဘူး တော်သေးလို့ပေါ့ အပြန်ကျ ငတ်မယ်နင်တို့ပဲ ဒါပဲ"

________Break time _______

"နှင်းချေ တဲ့လား နာမည်က သူ့ကိုကြည့်ရတာ အေးအေးစက်စက်ကြီးနော် ရုပ်လေးကတော့ ချစ်စရာလေး သနားပါတယ် ဘုရားက နှလုံးသား ထည့်ပေးဖို့မေ့သွားတယ်ထင်တယ်"
"ဟဲ့ မေထွန်းအိမ် ပေါက်ကရတွေအရမ်းပြော"
"ငါက စတာပါဟ"
"ငါတို့ သူကို သွားစကားပြောကြရအောင်လေ"
"ဟဲ့ဟဲ့ မလုပ်နဲ့အုံး မနက်ကပဲ ငါစကားသွားပြောတာကို ကြည့်တောင်မကြည့်ပေးဘူး သူပုံစံက ငါစကားလာပြောတာကို မရှိသလိုပဲ ငါ့ဖြင့် ရှတ်လိုက်တာဆိုတာ..."
"နည်းသေးတယ် နင်တို့မို့သူမပြောတာနေမှာပေါ့ ကြည့်ထား ငါသွားပြောပြမယ် နင်တို့ကြည့်လိုက်"
"အေသွားသွား"

ခုံပေါ်ကနေထသွားပြီး မေထွန်းအိမ်တစ်ယောက် သူကိုယ်သူ confined level so highပုံစံနဲ့ ထသွားတော့သည်။
နှင်းချေတစ်ယောက် အားလပ်ချိန်တောင် သူ့မှာမအားနိုင်အောင် စာတွေလုပ်နေဆဲ။

"နှင်းချေနော် ငါနာမည်က မေထွန်းအိမ်ပါ"
ဘာမှတုံ့ပြန်ခြင်းမခံရ
"အဟမ်း"
မေထွန်းအိမ် တစ်ယောက် ချောင်းတွေထဆိုးနေ တော့သည်။
နောက်ကိုတစ်ချက်ကြည့်လိုက်တော့ သူငယ်ချင်းတွေ မျက်စိဒေါက်ထောက်စူးစိုက် ကြည့်နေတာကိုမြင်ပြီး ချောင်းပြန်ထဆိုးတော့သည်။
ဒီတစ်ခါ ဆိုးတာက ခုနထက် ပိုဆိုးလာသယောင်

"အဟွတ် အဟမ်း "
"အမချောင်းဆိုးတာနဲ့ အနှင်းရဲ့ စာ‌အုပ်တွေ (ဆံပင်ကရှည်ရှည် သွားထစ်ကလေးနဲ့ အနှင်းကိုရယ်ပြနေတဲ့ကောင်မလေးတစ်ယောက် ချောတာလားဆိုလဲမဟုတ် သူပုံစံနဲ့သူတော့လိုက်ဖက်နေတယ်)

(အနှင်း တစ်ခါမှအဲလိုအနီးကပ်ကြီး မမြင်ဖူးဘူး ပထမဆုံးလူတစ်ယောက်က အနှင်းကို ဒီလိုဖော်ဖော်ရွေရွေနဲ့ ရယ်ပြနေတာကို မမြင်ဖူးခဲ့ဘူး ဒါပထမဆုံးပဲ )

အနှင်းတစ်ယောက် ပြောနေရင် ရပ်တန့်ပြီး မေထွန်းအိမ်ကို ကြည့်နေမိကာမှ
"ဟိတ်"
"ခုနက အမကိုဘာပြောတာလဲ ဘာလို့ရပ်သွားတာလဲ"
"အော်ဘာမဟုတ်ဘူး"
"ဒီကနေ သွားပေးပါ မနှောက်ယှဉ်ပါနဲ့ အနှင်းကို"
"ဟင် စကားကြီးက ပြတ်သားလှချည်လား ဘာမှတောင်မပြောရသေးဘူး"ဟု စိတ်ထဲတွင်သာပြောဆိုနေသည့်မေထွန်းအိမ်။

"တွေ့လားငါစကားပြောတာကို သူပြန်ပြောတယ် ငါပြောတယ်မဟုတ်လား နင်တို့မို့လို့ချေတာပါဆို"
"အိုသနားပါတယ် မသိရင်ခက်မယ် ငါတို့ကို နားမပါဘူး ထင်နေတာလား ကြားရတယ်ဟဲ့"
"အော်အဲလိုလား ကြားရတယ်ပေါ့"

_______At Home______

"အနှင်း ပြန်ရောက်ပြီလား ဒီနေ့ပထမနေ့ ကျောင်းမှာဘယ်လိုလဲ အနှင်းအားလုံး ok သလား"
"Ok ပါတယ် ဒေါ်လေး အားလုံးအဆင်ပြေတယ်"
"သမီးရေသွားချိုးလိုက်အုံးမယ် ဒေါ်လေး"
"ဟူး....ငါဒီနေ့ ဘာဖြစ်နေတာလဲ ရင်က တစ်ဒုန်းဒုန်းနဲ့ ခုန်နေတာပဲ နေလည်ထဲက အင်းမဟုတ်မှလွဲ နှလုံးရောဂါ များ....
အယ်မဟုတ်ရပါဘူး နှလုံးရောဂါ ငါကဘာလို့ ရှိရမှာလည်း ခုမှ ဆယ်ကျော်သက်လေးကို ဒါမှမဟုတ် ဘာကြီးလဲ...."

အနှင်းတစ်ယောက် အတွေးလွန်နေတဲ့ ကမ္ဘာထဲ ရောက်နေတော့သည်။

continue.......
ဖတ်ပေးတဲ့သူတွေကို ‌ကျေးဇူးတင်ပါတယ် ပထမဆုံးမို့အမှားပါရင် ခွင့်လွတ်ပေးကြပါ။

"နှင်းအိမ်" (Ongoing)Where stories live. Discover now