part 5

96 7 0
                                    

~~အမေနဲ့ ဘယ်လိုသိတာလဲ?
ဘာလို့ ငါ့ကိုဘဲလဲ?
ဘာဖြစ်လို့ ငါ့အမေဘဲဖြစ်နေရတာလဲ?
ဘာလို့ငါ့ဘဲ.....ဖြစ်နေရတာလဲ?

တိတ်ဆိတ်စွာ နာကျင်နေတဲ့‌ ကောင်မလေးတစ်ယောက်ဟာ ငိုယိုရင်း မိဘ ကိုတမ်းတ နေမိလေတတဲ့ ည တိုင်းဟာ နှင်းချေ အတွက် ပျော်စရာကောင်းတဲ့ ညတစ်ညတော့ ဘယ်တော့မှ ဖြစ်မလာနိုင်သေးတာတော့အမှန်ပင်။

~~မကြာခင်မှာ ကြင်နာမယ်.... သူ့ကိုအဖြေပေးလိုက်တော့မယ်.....~~

ခြံထဲမှ သီချင်းသံ ‌ကြားလို့ထွက်ကြည့်ကာ ဒေါ်လေး သီချင်းညည်းနေသည်။

နှင်းချေ တစ်ယောက် နားထောင်ရင်း မနေ့က မေထွန်းအိမ် နဲ့ ဖြစ်စဉ်တွေကို စဉ်းစားရင်း ပြုံးနေမိသည်။

"ဟာ...ငါ ဘာလို့ပြုံးနေတာပါလဲ ဘာလို့ သူ့ကို စဉ်းစားနေရတာလဲ"

"ဟိတ်...ကောင်မလေး ဒီမှာ ဘာထိုင်လုပ်နေတာလဲ"

"အော် ဒေါ်လေး သီချင်းဆိုတာ နားထောင်နေတာလေ"

"ဟုတ်လို့လား"

"ဟုတ်ပါတယ်"

"ဒါဆို ခုနဘာလို့ ပြုံးနေတာလဲ သီချင်းက ရယ်စရာမပါပါဘူး‌ကွယ်"

"ဟာ ဒေါ်လေးရယ် ဘာမှဟုတ်ပါဘူး"
ဟုပြောရင်း ထိုင်နေရာမှ ထသွားတော့သည်။

"အွန်...ဒီကလေးမ အချစ်တွေနဲ့ တွေ့နေသလားပဲ"

________________

"လာမည့် သုံးလ ပိုင်းကျရင် Campaing သွားဖို့ရှိပါတယ်နော် လက်တွေ့လေ့ကျင့်ဆင်းရမယ်"

"ကလေးတို့အားလုံး ပါဝင်ရပါ့မယ်နော်"

"ဟုတ်ကဲ့ပါ teacher"

တစ်ချို့ကျ ပျော်နေကြသလို တစ်ချို့ကျတော့လည်း မပျော်ကြဘူး ကျောင်းတွင်းဖြစ်နေကျ စာတော်တဲ့ သူတွေကတော့ စာနောက်ကျမှာမို့ စိုးရိမ် တကြီးကြီး။

တစ်ချို့ကျ စာကလွဲ တစ်ခြားလုပ်ရမယ်/သွားရမယ်ဆိုရင် ကခုန်ပျော်နေသလို.....

ထို မပျော်သည့်နေရာ၌ ‌နှင်းချေ အပါဝင်‌။

"ဝါး...ဒီတစ်ခါကျ ငါတို့ဘယ်သွားကြမလဲမသိဘူးနော်"

"နှင်းအိမ်" (Ongoing)Where stories live. Discover now