1

496 37 29
                                    

Unicode

"Honey မဆိုးစမ်းနဲ့ကွာ။ လက်ထဲက Baseball တုတ်ကိုဘေးကိုချထားပြီး သူ့ကိုလွှတ်ပေးလိုက်နော်။ Honey ဒေါသထွက်ရင် ကိုယ့်ကိုပြီးမှစိတ်ကြိုက် ပြဿနာရှာကွာ။ အခုတော့ သူ့ကိုလွှတ်ပေးလိုက်ပါ"

ရုံးကနေ ကမန်းကတမ်းထပြေးလိုက်လာပုံရတဲ့ Oh Sehun က Long Coat နဲ့ လည်သာလက်အိတ်ဝတ်ထားပြီး ဆံပင်နက်တွေကိုအပြောင်သပ်တင်ထားရင်း လူကြီးလူကောင်းဆန်ဆန် လေသံအေးအေးနဲ့အမိန့်လာပေးနေတာပဲ။ အဲဒါတွေကိုအမြင်ကပ်တာ။ စိတ်ရှိတိုင်း မသောင်းကျန်းရဖူး။ သူ့ကိုပဲကြောက်နေရတယ်။

"ဘာလို့ပြန်လာသေးလဲ။ ကျွန်တော်ဘယ်လိုဖြစ်ဖြစ် လုပ်​နေကြအတိုင်းပစ်ထားလိုက်လေ။ ဘာကြောင့် ပြဿနာရှာမှ ပေါ်,ပေါ်လာရတာလဲ။ တနေ့တနေ့ လူကိုပစ်ထားပြီး အခုမှပေါ်မလာနဲ့။ မသိသလိုဆက်နေလေ။ ဆက်ပြီးပစ်ထားလေ"

Jongin အော်သံကြောင့် တစ်အိမ်လုံးရှိ အိမ်အကူတွေခေါင်းငုံ့ထားကြသည်။ Jongin ခြေထောက်နဲ့ဖိထားပြီး Basball တုတ်နဲ့ရိုက်ခံထားရတဲ့ အိမ်အကူကောင်ကလည်း မျော့နေရှာပြီ။

"ကဲပါ Honey ရယ်။ ကိုယ်ပြောပြီးပြီလေ။ မင်းကြိုက်သလိုကိုယ့်ကိုအပစ်ပေးပါလို့။ အခုတော့ အဲဒီကောင်လေးကိုလွှတ်ပေးလိုက်နော်"

"ယား....... တကယ့်အာရုံတွေပဲ။ ဘာတွေမှန်းမသိဖူး"

Oh Sehun ကိုမုန်းလိုက်တာ။ ပစ်ထားပြီးအခုမှ လေပြေလေးနဲ့ အရောလာဝင်တာ Jongin အမုန်းဆုံးပဲ။ အိမ်မှာကျန်နေရတဲ့လူက တစ်ယောက်ထဲအထီးကျန်နေရတာ Oh Sehun မှမသိပဲ။ Oh Sehun ကိုအနားရှိစေချင်တာ မသိတာလား? မသိဟန်ဆောင်တာလား?

Jongin စိတ်တိုလွန်းလို့ Sehun ကိုကျောခိုင်းလိုက်တော့သည်။

ဒေါသထွက်ထွက်နဲ့ Baseball တုတ်တံကိုဘေးကိုပစ်ချပြီး အိမ်မကြီးထဲကျောခိုင်းဝင်သွားသော အချစ်ရဆုံးအသဲတုံ အူတုံလေး Kim Jongin ခေါ် Honey ကို ချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်းတွေနဲ့ Oh Sehun ကြည့်နေလိုက်ပြီး မြေကြီးပေါ်က လဲကျနေတဲ့ အိမ်အကူကောင်လေးကိုတော့ နဂါးမျက်စောင်းတွေနဲ့ကြည့်လိုက်၏။

"Boss ခွင့်လွှတ်ပေးပါ"

ထိုကောင်လေးကတောင်းပန်းပန်ပေမယ့် Sehun က ခွင့်လွှတ်ပေးဖို့ စိတ်ကူးကိုမရှိပါ။ Honey ကိုစိတ်အနှောင့်အယှက်ပေးသူမှန်သမျှ Sehun ရဲ့ရန်သူပဲ။ Honey ကိုစိတ်ညစ်အောင်၊ ဒေါသထွက်အောင်လုပ်တဲ့သူမှန်သမျှ Sehun က ဆုံးမပေးရမှာပေါ့။

HONEY(Completed)Where stories live. Discover now