3

224 29 14
                                    

Unicode

"Innie .... ည ၃နာရီကြီးအိမ်ပြန်လာတယ်ဆို? ထူးထူးဆန်းဆန်းအိမ်ပြန်လာတယ်ဆိုတော့ သမက် Oh နဲ့ရန်ဖြစ်လာကြတာလား?"

Sehun နဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတော့ ညက,ကလပ်အတူသွားခဲ့တဲ့ Taemin နဲ့ Minho ဆီလည်းမသွားချင်ခဲ့။ ဒီတော့ Daddy အိမ်ပဲပြန်ခဲ့မိတာ။ မနက်လင်းတော့ Daddy က Jongin ကိုစစ်ဆေးမေးမြန်းတော့တာပဲ။

"Daddy သမက်က Innie ကိုအရမ်းအော်တယ်။ Innie ကိုအလိုလိုက်မယ်ဆိုပြီး အော်တယ်၊ ဆူတယ်။ အဲတာကြောင့် ကိုကိုးအိမ်ကဆင်းလာတာ။ Daddy Innie ကိုပြန်ခေါ်ထားပါလား"

ငယ်ငယ်ကအတိုင်းပဲ Daddy ကိုသိုင်းဖက်ပြီး Oh Sehun အကြောင်းတိုင်တော၍ ချွဲနေမိသည်။ Daddy က ဒီလိုလေးချွဲပြီးပြောရင် အမြဲအလိုလိုက်နေကြ။ ဒါပေမယ့် အခုကြတော့အဲလိုမဟုတ်တော့ဖူး။

"Innie .... သမက် Oh ဆီပြန်စမ်း။ လက်ထပ်ပြီးတာပဲ ၆လကျော်ပြီ။ ကလေးကစားသလိုတွေလုပ်မနေနဲ့"

Daddy ကိုဖက်ထားတဲ့ Jongin လက်လေးတွေကအားလျော့သွား၏။ Daddy ကတောင် Oh Sehun ဘက်ကဖြစ်နေပြီလား???

"ဘာလို့လဲ Daddy။ အရင်က Daddy က Innie စကားပဲနားထောင်ခဲ့တာပါ။ အခုမှဘာလို့အတင်းပဲ ကိုကိုးဆီပြန်ခိုင်းနေတာလဲ? ကိုကိုးနဲ့ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာတာပါဆို"

Jongin မကျေမချမ်းရေရွတ်ပြီး ခြေဆောင့်မိသည်။ Daddy က Jongin ကိုမျက်မှောင်ကုတ်ပြီးကြည့်နေ၏။ အဲဒါတွေမကြိုက်တာ။ ယောင်္ကျားရသွားတာနဲ့ Daddy ကိုအရင်လိုချွဲမရတော့ဖူး။

"Innie ... မင်းအပြစ်မင်းသိလေ။ အပြစ်လုပ်ထားတဲ့သူက ယောင်္ကျားအိမ်ပေါ်ကဆင်းလာပြီး Daddy ကိုလာချွဲမနေနဲ့"

"Innie က ဘာအပြစ်လုပ်လို့လဲ?"

မကျေမနပ်အော်မိတော့ Daddy က ခေါင်းခါရင်း Jongin ကိုကြည့်လာတော့သည်။

"Daddy အကုန်သိပြီးပြီ။ မနက်က Sehun ဖုန်းဆက်ပြောလို့ အားလုံးသိပြီးပြီ"

Oh Sehun က Daddy ကိုလှမ်းတိုင်ထားတာပဲ။ မုန်းစရာကောင်းလိုက်တာ။

"သူပြောတာနဲ့ Daddy ကယုံတာပဲလား?"

Jongin စားပွဲကိုထုရင်းအော်မိပြန်သည်။ Daddy က လက်ကိုင်ဖုန်းကိုပွတ်နေရင်း Video တစ်ခုလာပြမှ Jongin ငြိမ်ကုတ်သွားရ၏။

HONEY(Completed)Where stories live. Discover now