Final

369 31 16
                                    

Unicode

မနက်ခင်းလေးမှာ Sehun ရင်ခွင်ကျယ်ထဲအိပ်စက်နေတဲ့ Honey ဟာ နိုးထလာခဲ့သည်။ Sehun ကတော့နိုးနေတာကြာပြီ။ ရင်ခွင်ထဲက Honey မနိုးသေးတာနဲ့ နိုးတဲ့အထိစောင့်နေတာ။ မနေ့ညက Honey ကိုစချစ်ခဲ့တဲ့အချိန်ကိုပြောပြခဲ့ရတာ Sehun ကြည်နူးနေတုန်းပဲ။

"အင့် ....."

ရင်ခွင်ထဲက Honey ကမျက်လုံးလေးပွင့်လို့နိုးလာခဲ့ပြီ။ ငွေရောင်ဆံနွယ်ရှည်ကြီးတွေကလည်း ကပိုကရိုလေးတွေဖြစ်လို့။ အဲဒီဆံပင်ရှည်ကြီးကို Sehun သိပ်သဘောကျတာ။ Honey ဟာ ဆံပင်ရှည်ရယ်၊ ကိုယ်လုံးကိုယ်ထည်တောင်ဖြောင့်တာရယ်၊ အရပ်ရှည်တာရယ်နဲ့ ဆွဲဆောင်မှုရှိလှပါ၏။

မျက်နှာလေးကိုကြည့်မယ်ဆိုရင်လည်း ကြည်လင်နေတဲ့မျက်ဆံလေးတွေ၊ နဖူးမောက်မောက်လေး၊ နှာခေါင်းလုံးလုံးလေး၊ ထူသိပ်ပြည့်ဖြိုးတဲ့နှုတ်ခမ်းတွေရယ်၊ ပါးနုနုလေးတွေရယ်နဲ့ ချောမောနေသေးတာ။

"Morning Honey ၊ Happy 8th monthsary ပါနော်"

လက်ထပ်ခဲ့တာ ၈လပြည့်မို့မနက်လင်းလို့ Honey နိုးတာနဲ့ ပါးပြင်နုနုကိုမူအနမ်းပေးရင်းပြောမိသည်။ Honey ကတော့ထုံးစံအတိုင်း ဝေဝေဝါးဝါးနဲ့ဖြစ်နေရှာသည်။ Honey မမှတ်မိလည်း Sehun စိတ်မဆိုးရက်ပါ။ ချစ်လွန်းလို့ ၂ပတ်အတွင်းအမိအရလက်ထပ်ယူထားရလို့ Honey ကို စိတ်ချမ်းသာအောင်ပဲထားချင်ခဲ့တာ လေ။ ကိုယ်ကစချစ်ခဲ့သူမို့ Honey ကိုပျော်အောင်ပဲထားချင်ခဲ့တာ။

"လက်ထပ်တာ ၈လတောင်ရှိသွားပြီလား ကိုကိုး?"

အိပ်ချင်မူးတူးလေးက Sehun ရင်ခွင်ထဲပြန်နှပ်ရင်း မေးနေသည်။ မျက်လုံးလေးကလည်း မပွင့်တပွင့်လေးနဲ့။

"ဟုတ်ပါ့ Honey ရေ။ ကိုယ်နဲ့မင်းလက်ထပ်ခဲ့တာ ဒီနေ့ပဲ ၈လပြည့်ပြီ"

မျက်လုံးလေးမှေးပြီးနှပ်နေတဲ့ Honey က Sehun ကိုမျက်လုံးဖွင့်ကြည့်လာ၏။

"အချိန်တွေကမြန်လိုက်တာနော်။ ကျွန်တော့်စိတ်ထဲ ကိုကိုးကားကိုဝင်တိုက်ခဲ့ပြီး ပြဿနာလုပ်ခဲ့တာ မနေ့တနေ့ကလိုပဲထင်နေတုန်း"

"အဟက်ဟက် .... ဟုတ်ပါ့။ ကားထဲကထွက်လာပြီး ကိုယ့်ကိုရန်ရှာတဲ့အစွာလေးက ကိုယ့်အမျိုးသားဖြစ်လာတာ ၈လပြည့်ပြီ။ သက်ဆုံးတိုင် Honey ကိုချစ်သွားမယ်နော်... ပြွတ်..."

HONEY(Completed)Where stories live. Discover now