hurt memories mixed

1 0 0
                                    

ဒီရက်ပိုင်းတွေမှာ အနက်ရောင်တွေကိုပဲ ဝတ်ဖြစ်တယ်

သီချင်းတွေကို အားစိုက်ပြီးနားထောင်ဖြစ်တယ်

လူတွေရဲ့ အထင်အမြင်တွေကို မျက်ကွယ်ပြုထားပြီး မျက်စိစုံမှိတ်ထားဖြစ်တယ်

တပ်နေကျ မျက်'မှန်လေးကို တပ်လိုက်ပြီး စာအုပ်တစ်အုပ်ကို ဖတ်ဖို့ အာရုံစိုက်လိုက်တဲ့ အချိန်မှာ မျက်နှာ ကို ခပ်သွေ့သွေ့ ရိုက်ခတ်လာတဲ့ လေပြည်လေညှင်းလေးတွေကြောင့် ခပ်ဖွဖွရယ်မိတယ်

Amaricano တစ်ခွက် ဘေးမှာချထားပြီး စိတ်ကူးထဲက အတွေးတွေကို စာအုပ်တစ်အုပ်ထဲမှာ ချရေးဖြစ်တယ်

တစ်ခါတစ်ရံ ခေါင်မိုးထပ်ကို တက်ပြီး ဘောင်ပေါ်မှာ ခြေနှစ်ချောင်းချ ထိုင်ရင်း နားထဲကို နားကြပ်လေးတပ်ပြီး သီချင်းတစ်ပုဒ်တည်းကို repeat လုပ်ထားမိပြန်ရော

ညဘက်တွေရောက်ရင် ဆောင်းရာသီရဲ့ အအေးဒဏ်ကို အံတုပြီး အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ ရောက်တတ် ရာရာ သွားနေမိပြန်တယ်

Coffee ဆိုရင် Amaricano တစ်မျိုးထဲကို စွဲ'မြဲ' သောက်တတ်တဲ့ ကျွန်မ အတွက် ကိုယ်တိုင်ဖျော်ပေးလေ့ရှိတဲ့ အမျိုးသား ကို Kitchen ထဲက Coffee Counter မှာ မြင်မိသယောင်

မှောင်မည်းတိတ်ဆိတ်စွာအေးစက်နေတဲ့ တစ်ထပ်တိုက် အိမ်လေးထဲမှာ မိုးတွေရွာနေပေမယ့် ပြတင်းပေါက်ကို မပိတ်ပဲ မိုးစက်တွေလွှင့်စင်လာသည့်တိုင်အောင် ပေတေစွာ ရပ်နေမိတဲ့ ကျွန်မ ကို အရင်ကဆို ဆူဆူပူပူ ပြောပြီး ‌သဘက်တစ်ထည် နဲ့ ရေလာသုတ်ပေးပြီး ဆံနွယ်ရှည်တွေကို ခြောက်အောင် Dryer နဲ့ မှုတ်ပေးနေဦးမှာ

မနေ့ညနေက Market Place ကို သွားခဲ့ပြီး လိုအပ်တာတွေ ဝယ်လာခဲ့တယ် ။ ဗိုက်ဆာသလို ရှိတာကြောင့် ‌Sausage အနည်းငယ် နဲ့ ကြက်ဥ နှစ်လုံး ကို ထုတ်ပြီး ထမင်းကြော် မိတယ် ။ ထမင်းကြော်နေရင်း အတိတ်က အကြောင်းအရာတွေ ခေါင်းထဲ ရောက်လာပြန်တော့ နာကျင်စွာပင် ခပ်ဖွဖွရယ်ကာ ခေါင်းကိုအသာရမ်းခါမိပြန်တယ်

ဒီနေ့ သင်တန်းက ပြန်လာတဲ့အချိန်မှာ Bus စောင့်နေတုန်း မိုးရွာလာခဲ့တယ် ။ ထီး ပါမလာတာကြောင့် Bus stop ထဲမှာ စီးနေကျ ကားလာအောင် စောင့်ရင်း အချိန်ဖြုန်းနေပေမယ့် မိုးက စဲသွားခြင်း မရှိသလို ကား ကလည်း ရောက်' မလာခဲ့ဘူး ။ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းနေပေမယ့် မြင်ကွင်းထဲကို နာကျင်စရာကောင်းတဲ့ အရိပ် တစ်ခု ဖြတ်ပြေးလာခဲ့တယ် ။ တစ်ဖက် Bus stop မှာ ကားရပ်စောင့်နေဟန် ရှိတဲ့ ကောင်မလေး တစ်ယောက် ထံကို ထီးတစ်ချောင်းနဲ့ ကောင်လေး တစ်ယောက်က အပြေးလာခဲ့ပြီး အနွေးထည်လေးကို ခြုံပေးလိုက်တယ် ။ အတိတ်တစ်ချိန်က ကြုံတွေ့ခဲ့ဖူးတဲ့ ဖြစ်ရပ်လေးနဲ့သဏ္ဍာန်တူနေတော့  ဘယ်ဘက်ရင်အုံက ဆစ်ကနဲ မျက်'သွားရတယ်။

ဒီနေ့ Starbucks မှာ တန်းစီနေတုန်း သီချင်းသံ သဲ့သဲ့ကို ကြားလိုက်ရတယ် ။ Kim Taehyung ရဲ့ Winter Bear ။ တစ်ချိန်က တစ်ယောက်သော သူ ဆိုပြခဲ့ဖူးတဲ့ သီချင်းလေး တစ်ပုဒ် ဖြစ်တာကြောင့် အတွေးတွေ နယ်မကျွံခင် ခေါင်းထဲက အမြန်ထုတ်ပယ်လိုက်ရတယ် ။

စိတ်ကူးပေါက်ရာ စာတိုလေးတွေပါ ။ အတိတ်ကဖြစ်ရပ်အချို့ ရောနှောလျက်ပေါ့ ။

နရီညို ( December 30 2022 )

Memories from PastWhere stories live. Discover now