အပိုင်း(၃)

17 1 0
                                    

#စံအိမ်တော်အမုန်းရန်ငြိုး#
  Part(3)
Zueကပေါ်လိုက်ပျောက်လိုက်နဲ့..အိမ်တော်သခင်မသရဲထက်ပိုဆိုးတယ်.....
..............................,. ............................

နှင်းဆီ..ကလေးမလေးကိုကြည့်ရင်းဝေခွဲမရဖြစ်နေသည်...
နောက်ဆုံးတော့...ကလေးမလေးကိုလွှတ်ပေးဖို့ဆုံးဖြတ်လိုက်တယ်.....
"ကလေးမလေး...ပြေးတော့..ဒီနဲ့ဝေးရာကိုသာထွက်ပြေးတော့...သမီးလေးသူ့ခြံထဲမှာဆက်ရှိနေရင်အန်တီမသတ်လဲ.သူကသတ်တော့မယ်...သမီးလေးလွတ်အောင်ပြေးတော့”

၁၁နှစ်အရွယ်ရှိကလေးမလေးနန်းရွှန်းလဲ့..နောက်သို့လှည့်မကြည့်တော့ပဲပြေးသည်.......ပြေးနိုင်သည်ထက်ပို၍မြန်မြန်ပြေးပြီး...ခြံပြင်ရောက်တော့....

"ကျွီ...ဒုံး”

"အား....”အိမ်ကြီးထဲကကျေနပ်စွာပြုံးနေတဲ့အိမ်တော်သခင်မကိုနောက်ဆုံးမြင်လိုက်ရပြီးလောကကြီးနဲ့အဆက်အသွယ်ပြတ်သွား၏........

"အဲ့တာနဲ့ကလေးမလေးကသေသွားရောလား”

"ဟင့်အင်း...အာ့ကလေးမလေးကဆေးရုံရောက်သွားပြီးမကြာခင်သူ့အဖွားကပြန်ခေါ်သွားခဲ့တယ်...သူ့အဖွားနဲ့ပဲနေထိုင်ခဲ့တယ်…”

"အဲ့ကလေးမလေးကခုသက်ရှိထင်ရှားရှိသေးလား”

"အဲ့ကလေးမလေးကခုကိုဘုန်းပြည့်ရှေ့မာထိုင်နေတာလေ”

"ဟာ...ဒါ.ဒါဆို..ရွှန်းလဲ့ရဲ့ဖြစ်ရပ်မှန်ပေါ့…”

"ဟုတ်ပါတယ်...ကိုဘုန်းပြည့်...ကျွန်မရဲ့မိဘနှစ်ပါးစလုံးရက်ရက်စက်စက်အသတ်ခံရတာကိုမြင်နေလျှက်နဲ့ဘာမှလုပ်မပေးနိုင်ခဲ့လို့...ခုနောက်တစ်ကြိမ်..ပြန်ရောက်လာတာ…”နန်းရွှန်းလဲ့ကပြောရင်းမျက်လုံးထဲတွင်မျက်ရည်များနှင့်..သို့သော်...ဒေါသရောင်သမ်းနေသောမျက်ဝန်းတစ်စုံ.....

"ကျွန်တော်...စိတ်မကောင်းပါဘူးဗျာ....ကျွန်တော့ဘိုးဘေဘီတို့လက်ထက်ကအမှားကြောင့် မရွှန်းလဲ့တို့မိသားစုသေကွဲကွဲခဲ့ကြရပြီ…”

"ဘာရှင့်..ရှင်ဘာပြောလိုက်တာလဲ…”ဘုန်းပြည့်စကားကြောင့်ရွှန်းလဲ့မျက်လုံးအရောင်တို့ပိုတောက်ပြောင်လာသည်.....

စံအိမ်တော်အမုန်းရန်ငြိုးWhere stories live. Discover now