အပိုင်း(၂)

27 2 0
                                    


#စံအိမ်တော်အမုန်းရန်ငြိုး#
  (Part2). .....

တောက်..တောက်..တောက်(ရေကျသံ)
ရေကျသံကြားလို့စစ်နိုင်အိပ်ယာကနိုးလာခဲ့တယ်...နန်းမျက်နှာသစ်နေလို့လား...သူ့ဘေးကိုကြည့်လိုက်တော့နန်းကအိပ်ပျော်လျှက်ပင်.....ရေပိုက်မကောင်းတာများလား...စစ်နိုင်ရေချိုးခန်းထဲဝင်လာခဲ့သည်...နန်းသေချာမပိတ်ခဲ့လိုဖြစ်မည်....

"အကို..”

"ဟင်....”
စစ်နိုင်ရဲ့လန့်သွားသောအမူအရာကြောင့်
"အကို.ဘာဖြစ်တာလဲ..အဆင်ပြေရဲ့လား”

"ရ.ရပါတယ်.. အကိုအဆင်ပြေပါတယ်”

"အင်းပါ…အာ့ဆိုနန်းပြန်အိပ်တော့မယ်”ပြောပြီးမကြာနန်းပြန်အိပ်ပျော်သွားသည်...သူကတော့တော်တော်နှင့်အိပ်မပျော်...စျေးချိုလို့ဒီအိမ်ကြီးကိုဝယ်မိတာမှားများမှားပြီလားး..

စစ်နိုင်​တစ်ယောက်ထဲတွေးရင်း..မိုးလင်းခဲ့ပြီ...မနက်စာစားဝိုင်းတွင်သမီးနန်းရွှန်းလဲ့နှင့်ဇနီးဖြစ်သူနန်းလဲ့လဲ့ကိုကြည့်နေမိတယ်....နန်းကရှမ်းတိုင်းရင်းသူတစ်ယောက်..သူကဗမာ..သမီးလေးကတော့ရှမ်းမလေးနဲ့ပိုတူသည်.....

"အကို..အကို..”
နန်းခေါ်နေတာမကြားသောကြောင့်စစ်နိုင်ကြားစေရန်အသံကိုနဲနဲမြှင့်ပြီးခေါ်လိုက်တယ်

"ဟင်.နန်း”

"အကို.ဘာတွေစဥ်းစားနေတာလဲ..နန်းခေါ်နေတာကြာပြီ..အကိုကမကြားလို့…”

"ဘာမှမစဥ်းစားပါဘူးနန်းရဲ့..နန်းပြောစရာရှိလို့လား…”

"အင်း..ဟုတ်တယ်အကို..ဒီနေ့ကလပြည့်နေ့လေ..
ပြီးတော့ဒီမြို့ကိုအခုမှရောက်ဖူးတာဆိုတော့လျှောက်လည်ကြရင်ကောင်းမလားလို့ပါ…..”
မိဘနှစ်ပါးမှာစကားပြောနေပေမယ့်ရွှန်းလဲ့ကတော့တစ်ခွန်းမှဝင်မပြောပေ.....
"ဟာ..ကောင်းတာပေါ့..နန်းရဲ့...သမီးရွှန်းလဲ့ရော..လိုက်မှာမဟုတ်လား”

"လိုက်မှာပေါ့ဖေဖေရဲ့”..........

"အာ့တာဆိုအဝတ်အစားသွားလဲတော့လေသမီး”

"ဟုတ်ကဲ့ဖေဖေ”

အပေါ်ထပ်ကိုပျော်ရွှင်စွာပြေးတက်သွားသောသမီးလေးကိုကြည့်ပြီးကြည်းနူးနေမိတော့သည်...

စံအိမ်တော်အမုန်းရန်ငြိုးWhere stories live. Discover now