One Shot

1.1K 89 18
                                    

Unicode

ဆောင်းတွင်းရဲ့ပြယုဂ်အတိုင်း မြူခိုးတွေရီဝေဝေနဲ့ရယ်။ အားကစားရာသီရဲ့အေးစိမ့်စိမ့်အငွေ့အသက်ကိုခံစားရင်း ပြေးရတာ လန်းလန်းဆန်းဆန်းပဲ။ သွားနေကျကတော့ ကန်ညီနောင်ဘက်ပေါ့။ အလှမ်းဝေးတယ်ဆိုပေမယ့် မနက်ခင်းတိုင်းအရောက်ပြေးလာတတ်တဲ့နေရာလေး။ ဒီကနေ ညာဘက်လမ်းအတိုင်းသွားရင်တော့ကျွန်တော် ၉တန်း၊၁၀တန်းတုန်းက တက်ခဲ့တဲ့ ကျူရှင်ရှိရာ ခြံဝန်းကြီးဆီရောက်ပါတယ်။အင်း ကျောင်းပြီးကတည်းကဆိုပါတော့ တစ်ခေါက်၊နှစ်ခေါက်လောက်ကလွဲရင် အဲ့ဒီနေရာဘက်ဆီ ကျွန်တော်ခြေဦးမလှည့်ဖြစ်တော့တာကြာခဲ့ပါပြီ။ ဒီနေ့မှစိတ်လိုလက်ရပါပဲ ကျွန်တော့်ခြေလှမ်းတွေကို ဦးတည်ချက် ပြောင်းမိတယ်။ကျွန်တော့်ခြေစုံဟာ အတိတ်တို့စုစည်းရာ ထိုခြံကြီးအရှေ့မှာပဲရပ်တန့်သွားတယ်။ဆယ်ကျော်သက်ရဲ့ အခန်းကဏ္ဍတော်တော်များဟာ ဒီခြံဝန်းကြီးမှာတည်ရှိပါတယ်။

“ဇလပ်ဖြူတွေလှတယ်နော်မမ”

“ငယ်လေးသဘောကျရင်တောင်းပေးမယ်လေ”

“ဟုတ် အဲ့လိုလုပ်ပေးမလား”

“ရတာပေါ့ ခဏလေးစောင့်”

ဒီအသံဟာ ကျွန်တော့်ဘေးနားမှာရောက်မှန်းမသိရောက်နေခဲ့တဲ့ အဖြူအစိမ်းဝတ်ကျောင်းသူကလေးမလေးနှစ်ယောက်ရဲ့အသံပဲ။ ဘာမဆီညာမဆိုင်နဲ့ကျွန်တော်ဟာ ဘယ်ဘက်ရင်အုံဆီမှာ အနွေးဓာတ်လေးလွှမ်းသွားသတဲ့။ နွေးတယ်။ခုထိတိုင်ခံစားချက်လေးကနွေးနေတုန်းပဲ။ ကိုယ့်အတွေးတွေက ရပ်နေလေတော့ ရပ်နေစဲခြေအစုံဟာလည်း ဒီနေရာကထွက်ခွာဖို့သတိမရကြပြန်ပါဘူး။ ပန်းအဖြူတွေမှ သိပ်နှစ်သက်ဖူးတဲ့ ကျွန်တော့်ရဲ့တစ်စုံတစ်ယောက်လေးဆီအတွေးတွေဟာ စက်ဝန်းတစ်ခုလိုပြန်လည်လာတယ်။

“ပန်းအဖြူရောင်တွေသိပ်ချစ်တာပဲလား”

“ပန်းမို့လို့ပေါ့ ပန်းဆိုအဖြူရောင်လေးမှလှတယ်ထင်တာပဲ ရတုရဲ့”

“အကုန်အတူတူပါပဲမမရာ”

“ရော့ ရတုအတွက်”

ပန်းအဖြူတွေတွေ့ရင် အပြေးလေးအရောက်သွားခူးတတ်တဲ့တစ်စုံတစ်ယောက်ဟာ ကျွန်တော့်ရှေ့နားမှာ ရှိခဲ့ဖူးပါတယ်။ သူဒီလိုပန်းတွေခူးလာတိုင်း ကျွန်တော့်အတွက်ဆိုပြီး ပါစမြဲပဲ။

အချစ်တွေ ဦးခဲ့သည်ရှိသော်Where stories live. Discover now