Zawgyi
မီးရောင်စုံတွေနဲ့သိပ်ကိုခမ်းနားတဲ့
စင်မြင့်ကျယ်ထက်တွင် ဖျော်ဖြေနေတဲ့ကောင်လေး
သူ့ရဲ့အကမှာစိတ်နှစ်ထားပုံပေါ်တဲ့ကောင်လေးက
တည်တည်ငြိမ်ငြိမ် ပရိတ်သတ်တွေရဲ့အားပေးသံတွေကလဲဆူဆူညံညံ"ဝမ်ရိပေါ်....... အား..ချောလိုက်တာ..
"ကနေတာလေးကကွာ ဒီရင်ကိုခြွေနေတာ
"ငါ့လောင်ကုန်းမို့အာ့လောက်တော်နေတာနေမှာ...
အဲ့လိုပြောနေတဲ့သူတွေကြားထဲတွင်
အသံအပြဲဆုံးစွာစိလန်အဖွဲ့ကိုမည်သူမျှနိုင်မည်မထင်"အား...ကျန့်ကောရဲ့လောင်ကုန်းမို့ထင်တယ်
တော်လိုက်တာ အား...ချောလိုက်တာ.."ဝမ်ရိပေါ် !!!ဝမ်ရိပေါ်!!!ဝမ်ရိပေါ်!!!!
အကျိတ်အနယ်အားပေးနေကြတဲ့ လူတွေရဲ့အလွန်
ကားပါကင်တစ်ခုတွင် ကားထဲတွင်ထိုင်ကာ
Liveကြည့်ရင်းပြုံးနေသည့်
အမျိုးသားတစ်ဦးလည်းရှိပါ၏ထိုအမျိုးသားကား အသက်30ကျော်ရယ်လို့မထင်ရက်စရာကောင်းလောက်အောင် ချောမောလွန်းပါ၏
မျက်ခုံးထူထူလေးရယ် မျက်တောင်စိပ်စိပ်လေးတွေဝန်းရံထားတဲ့
မျက်လုံးစိုစိုတောက်တောက်လေးတွေပြုံးလိုက်ရင်ပေါ်လာတဲ့ပါးချိုင့်လေးရယ်
ပြုံးနေတဲ့နှုတ်ခမ်းရဲရဲလေးအောက်က မှည့်နက်လေးရယ်
အရာအားလုံးကဆေးရောင်စံခြယ်ထားတဲ့ပန်းချီကားတစ်ချပ်ထက်ကိုငေးကြည့်ချင်စရာကောင်းလှပါ၏"မောင်ကတကယ့်အချစ်ခံလေး...
တစ်ယောက်ထဲတိတ်တိတ်လေးရေရွတ်ကာပြုံးနေတဲ့ထိုအမျိုးသား..
သိပ်မကြာပါ ကားတံခါးကိုဖွင့်ကာဝင်လာတဲ့အဖြူရောင်အရိပ်ကလေး
"ဟင်...ကော
"မောင် ပင်ပန်းသွားပြီလား...
"ကောကိုမြင်လိုက်ရတော့မောင်မပင်ပန်းတော့ဘူး
"မောင်ကသိပ်စကားတက်တာပဲ..
ရိပေါ်လဲ ရှောင်းကျန့်ကိုရင်ခွင်ထဲတင်းကျပ်နေအောင်
ဖက်ထားရင်းဖြင့်အလွမ်းဖြေပြီးမှ