arc-(2.8)

314 25 0
                                    

Zawgyi

"အင်ဟန် ရှင်ဘာတွေလုပ်နေတာလဲ
ကျွန်မကိုပြောထားတဲ့အစီအစဉ်တွေကရော

"မရှိတော့ဘူး ငါကငါ့ဘဝငါ့အချစ်ကိုတွေ့ပြီ
အဲ့တော့အရာရာကိုလွှတ်ချလိုက်တော့မှာ

"ရှင်ကအရူးပဲ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့

"ငါကငါ့ဆုံးဖြတ်ချက်ကိုဘယ်တော့မှမပြင်ဘူး
မင်းကိုလဲသတိပေးလိုက်မယ်နော်ငါ့ကလေးလေးကိုထိခိုက်လာမယ့်ဘယ်အရာကိုမှငါလက်ခံမှာမဟုတ်ဘူး
သူ့ကိုထိခိုက်လာရင်လည်ပင်းလိမ်ချိုးပြီးသတ်ပစ်လိုက်မယ်
နောက်မှငါသတိမပေးဘူးလာမပြောနဲ့

(လည်ပင်းယားတာ)

"ကိုယ့်ရဲ့ပိစိလေး!အသဲနှလုံးလေး နှလုံးသားလေး
ကိုယ့်ရဲ့ကလေးသေးသေးလေး ကိုယ့်ကိုလှည့်ုကြည့်ပါအုံး
စောင့်ပါအုံး

မင်ဆန်းဟာဘာမှပြန်မပြောနိုင်သေးခင်မှာပဲ
လင်းယန်သူတို့နားကဖြတ်လျှောက်သွားတာကြောင့်
အင်ဟန်တစ်ယောက်သံလိုက်ဆွဲအားကြောင့်ပါသွားသလို
ပါးစပ်ကနာမည်မျိုးစုံအော်ကာလိုက်သွားတော့သည်

"အား!စိတ်ရှုပ်ဖို့ကောင်းလိုက်တာ
ရတယ်လေ လီဂျယ်ယွန်း ကိုပိုင်ဆိုင်ရဖို့ငါ့အစွမ်းအစနဲ့ပဲ
ကြိုးစားရတော့မှာပေါ့

"ခင်ဗျားမရှက်ဘူးလားအော်ကြီးဟစ်ကျယ်နဲ့
ဘယ်လိုတွေခေါ်နေတာလဲကျွန်တော့်မှာနာမည်ရှိတယ်လို့
ပြောထားတယ်လေ

"အ့!အဲ့မျက်စောင်းလေးနဲ့နှုတ်ခမ်းထော်ထော်လေးက
ဒီရင်ကိုတကယ်ထိတယ်

(မရတော့ဘူးသူတော်တော်ကိုဖြစ်နေပြီ😂)

"ခင်ဗျားကအရူးလား အဲ့လောက်ထိဖြစ်နေတာ

"မရူးတော့မရူးသေးပေမယ့်နဲနဲတော့စိတ္တဇဆန်နေပြီ
ကိုယ်ကကိုယ်ကြုံခဲ့ရတဲ့ကလေးဘဝမှတ်ဥာဏ်တွေကြောင့်
နဲနဲစိတ်တ္တဇဆန်နေရုံလေးပဲ

"ဘယ်လို

"လာလာ ကလေးလေး ဟိုခုံမှာထိုင်မယ်
ကိုယ့်အကြောင်းပြောပြမယ်တစ်ယောက်အကြောင်းတစ်
ယောက်သိအောင်လုပ်ရမယ်လေ
ကလေးလေးဖြေးဖြေးလျှောက် မင်းလေးချော်လဲရင်
ကိုယ့်နှလုံးသားလေးနာကျင်ရလိမ့်မယ်

System Ku KueWhere stories live. Discover now