Part 3 🧵

378 43 18
                                    

အခုဆို ကျွန်တော်လဲ အကို့ဆီမှာ အလုပ် လုပ်နေတာ တပတ်ကျော်ပီ ချစ်ရသူအနားအလုပ်လုပ်ရတော့ အတိုင်းမသိပျော်မိပါရဲ့ ဒါပေမယ့် တချို့အချိန်တွေမှာကျ အကို့ကို ကိုကို ကိုကို ဆိုပီး ခေါ်တဲ့ ထယ်ယောင်းဆိုတဲ့ကောင်လေးနဲ့အတူတွဲမြင်ရရင်ကျ မပျော်တော့ပြန်ဘူး ရင်ဘက်ထဲကအောင့်သက်သက်ခံစားချက်ကြီးကပါ ထပ်ဆောင်းပိုလာသေးတယ် အလုပ်ဆင်းနေတဲ့တပတ်အတွင်း ကျွန်တော် အကို့အကြောင်းတွေ အများပြီးသိလာရတယ် အကိုကဇီဇာအလွန်ကြောင်ပီးပွစိပွစိနိုင်ပေမယ့် စိတ်ကောင်းရှိသူလေးပါ ခပ်တန်းတန်းနေတတ်ပေမယ့်လဲပေါ့ ကျွန်တော်နဲ့အကို့ရဲ့ လက်ရှိဆက်ဆံရေးက အလုပ်ရှင်နဲ့အလုပ်သမားထက်မပိုဘူးဗျ အနည်းဆုံး ခင်မင်ရင်းနှီးခွင့်လေးတော့ရသင့်တယ်မလား ကျွန်တော့်မှာ အကို အလုပ်အားချိန်တွေကိုစောင့်ပီး အကိုနဲ့ စကားတွေအများကြီးပြောဖို့အားခဲထားတာ ညတိုင်း မနက်ကျရင် အကို့ကို ဘလိုစကားစပြောရမလဲစဥ်းစားရလွန်းလို့ မျက်လုံးကလဲပန်ဒါဖစ်နေပီ ဒါမယ့် ၇ရက်တာအတောအတွင်း အကိုနဲ့ ပြောဖစ်တဲ့အကြောင်းက အလုပ်အကြောင်းတွေချည်းပဲ ဘာလို့လဲဆိုတာနောက်တော့ ခင်ဗျားတို့သိလာလိမ့်မယ် အခုတော့ တွေးနေတာရပ်ပီး အလုပ်သွားတော့မယ်


''ဒီနေ့တော့ အရင်နေ့တွေကလိုမဖစ်ပါစေနဲ့ဆုတောင်းရမယ် ~မိုးနတ်မင်းရယ် ကျွန်တော်ကိုဒီနေ့ အကိုနဲ့စကားပြောခွင့်ရအောင်ကူညီပေးပါဗျာ ~

ဟဲဟဲ ဆုတောင်းပြည့်လောက်မှာပါ''


''ဘာတွေဆုတောင်းနေတာလဲ ဂျောင်ကု''

'' အာ ဘာမှမဟုတ်ပါဘူး အကိုဂျီမင်း''

''အော် ပီးတာပါပဲ ကဲ အလုပ်ဆက်လုပ်တော့နော် ''

''ဟုတ်''

''အော်မေ့တော့မလို့ ဒီနေ့ ဆော့ဂျင်က နေ့တပိုင်းမှလာမယ်တဲ့''

''ဘာလို့လဲဟင်''

''သူ့အချစ်ဆုံးထယ်ယောင်းကိုအချိန်မပေးတာကြာလို့ အချိန်ပေးမလို့တဲ့''

''အော် အကိုဆော့ဂျင်က အဲ့တယောက်ကိုသိပ်ချစ်တာပဲနော် ပုံမှန်ဆို အလုပ်ပျက်လေ့မရှိပဲ အချိန်တိကျတဲ့သူက နေ့တပိုင်း‌ေတာင်ပျက်တဲ့အထိဆိုတော့''

မောင်မြတ်နိုးရသူ DesignerလေးWhere stories live. Discover now