Part 7 🧵

320 38 7
                                    

တပတ်ခန့်ကြာသော်

''အကို အကို မောင့်ရဲ့အကိုရေ မောင်အလုပ်လာပါပီ'' ထိုအသံကတော့ ဆော့ဂျင်ကိုချစ်ခွင့်ပန်ပီးကတည်းက ပေါ်တင်ဖလစ်နေတတ်တဲ့အမောင်ဂျောင်ကုရဲ့ အလုပ်လာတိုင်းအော်ပြောလေ့ရှိသောအသံပင်

''ဂျောင်ကု ဆော့ဂျင် အလုပ်မလာသေးဘူး စောသေးတယ်လေ''

''အော် ဟုတ်သားပဲနော် ''

''ဒါနဲ့ ဂျောင်ကု မင်း အခုရက်ပိုင်း ဆော့ဂျင်ကိုတော်တော်ဖလစ်နေတယ်နော် ပီးတော့ socialပေါ်မှာလဲ ဆော့ဂျင်ကိုကြိုက်နေတဲ့သူတွေနဲ့စကားများသေးတယ်ဆို ''

''ဟမ် ဘသူပြောတာလဲ အကိုဂျီမင်း''

''ဂီ ပြောပြတာ''

''အဲ့အကောင်ကတော့ ''

''ဘာမှ ဂီ့ကိုသွားမဲမနေနဲ့''

''အကိုဂျီမင်းကလဲ ကျွန်တော် စကားများရတာက အဲ့အကောင်တွေကြောင့် သူတို့အရင်စတာ အကို့ကို သူတို့က လိုင်းပေါ်မှာပေါ်ပေါ်တင်တင် ကြိုက်ကြောင်းတွေချစ်ကြောင်းတွေတင်ထားတာ ကျွန်တော်မှမကြိုက်တာ''

''မင်းကတော့တကယ်ပဲ အဲ့ဒါသာဆော့ဂျင်သိရင် တကယ်မလွယ်ဘူး ဆော့ဂျင်ကအဲ့လိုဆိုသိပ်မုန်းတာ''

''ဟုတ်တယ် ငါက အဲ့လို ငါနဲ့ပတ်သတ်ပီး ရန်ဖစ်တာတွေ စကားများတာတွေဆိုသိပ်မုန်းတာ ဘလောက်အဆင့်မရှိလိုက်တဲ့လုပ်ရပ်လဲ''

''အကို''

''ဘာလဲ ဘာတွေပြောဦးမလို့လဲ ကြာတော့ မင်းကိုငါတော်တော်စိတ်ပျက်လာပီ မင်းငါ့ကိုကြိုက်နေတဲ့အကြောင်းတလောကလုံးသိအောင်ချပြမလို့လား ဟမ် မင်းမှာငါ့ကိုနဲနဲအားနာစိတ်လေးတောင်မရှိဘူးလား အခုလဲ ငါ့ကိုကြိုက်နေတဲ့သူတွေနဲ့စကားများပြန်ပီ

တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ''

''တော်ပါတော့ဆော့ဂျင်ရယ် အလုပ်မှာလေကွာ ဆိုင်မှာတခြားသူတွေလဲရှိနေတာ ဂျောင်ကုအတွက်မကောင်းဘူးလေ စိတ်လျှော့ပါ လာ ရုံးခန်းထဲသွားကြစို့''

''ဂျီမင်း မင်း သူ့ဘက်ကနေလိုက်ကာပြောပေးမနေနဲ့''

''ရပါတယ် အကိုဂျီမင်းရဲ့ ဘာမှမဖစ်ပါဘူး ကျွန်တော်က အကို ကျွန်တော့်ကိုအဲ့လိုလဲအပစ်ပြောတာလေးကိုမြတ်နိုးနေမိတာ''

မောင်မြတ်နိုးရသူ DesignerလေးWhere stories live. Discover now