Episode 2

255 31 9
                                    

Unicode

"အာမင်...ဘုရားသခင်ကောင်းချီးပေးပါစေ..."

ဖာသာက ဒီလို ပြောတိုင်း သူ့ဘက်က ဘယ်လိုတုန့်ပြန်ရမှန်းမသိဘူး။Buiက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေသည်။ဒါပေမဲ့ Khun Chaiya က ဘုရားကျောင်းက မိဘမဲ့ ကလေးလေးတွေကို စနေနေ့တိုင်း မုန့်ဝေဖို့တာဝန်ကိုသူ့ဆီပေးထားသည်။

"Khrub...."

"ဒါနဲ့ Khun Chaiya က ဘယ်တော့လောက်လာမလဲမသိဘူး...Founderတွေစုပြီး အနောက်ဖက်အိပ်ဆာင်အသစ်ဖွင့်ပွဲလုပ်ရင် Khun Chaiya ကို တက်စေချင်တယ် Khun Buildနဲ့ အဆင်မပြေဘူးလို့ဆိုလိုတာမဟုတ်ပါဘူး ဘာသာခြားဖြစ်နေတာမို့ အားနာလို့ပါ..."

‌ဖာသာပြောတာလည်းဟုတ်နေပေသည်။Founderတွေ တခြားလူကြီးတွေနဲ့ တွေ့ရင် သူအနေနဲ့ နှုတ်ဆက်စကားကလွဲပြီး တခြားအကြောင်းအရာတွေကို ရေပတ်ဝင်မှာမဟုတ်ဘူး...

"ကျွန်တော် ပြောပေးပါ့မယ်..."

~click~

ကားတံခါးကိုဖွင့်ပြီး ယာဉ်မောင်းခုံပေါ်ပစ်ထိုင်လိုက်သည်။ဒီနေ့သူတစ်ယောက်တည်းလာခြင်းသာ....ခါတိုင်လို Ai Wineက ကားမမောင်းပေးနိုင်ဘူး...

သူစတီယာရင်ကိုမှီရင်း

~ဟူး~

ကလေးတွေ ၂ထောင်ကျော်လောက်ကို မုန့်နဲ့ဖျော်ရည်ဘူးတွေ တစ်ယောက်တည်း ဝေလာရတာ။တစ်ကိုယ်လုံးညောင်းချိနေပြီ။

Beep~Beep~Beep~

ဘေးက ထိုင်ခုံပေါ်မှာ ဖြစ်သလို ပစ်တင်ထားမိတဲ့ ဖုန့်က vibrateပေးထားတာကြောင့် တုန်ခါလာသည်။

'Mae'

Contact nameကြောင့် နည်းနည်းတော့ စိတ်မသက်မသာဖြစ်သွားသည်။

"Khrub Mae..."

"ဘယ်တော့လာမှာလဲ...မင်းကြိုက်တဲ့ ဟင်းတွေလုပ်ထားမလို့..."

"ဒီရက်ပိုင်းတွင်းတော့ မလာနိုင်လောက်ဘူးထင်တယ်..."

"......"

သူမဘက်က တော်တော်လေးတိတ်ဆိတ်သွားခဲ့သည်။

" cosmetic company ရဲ့ တစ်နှစ်ပြည့်ပွဲအတွက်အလုပ်ရှုပ်နေလို့ပါ..."

"မင်းအဆင်ကောပြေရဲ့လား..."

"ပြေပါတယ် ကျွန်တော်ကို စိတ်ပူမနေပါနဲ့...ကျွန်တော် မြန်မြန်နဲ့နေသားကျလွယ်ပါတယ်.."

You've reached the end of published parts.

⏰ Last updated: Apr 13, 2023 ⏰

Add this story to your Library to get notified about new parts!

Dark Paradises ( Rest )Where stories live. Discover now