Unicode
လှေကားတွေအတိုင်းဆင်းလာပြီး အိမ်ရှေ့တံခါးမကြီးနားရောက်ခါနီးမှ
"Khun Bui Kha...."
ကားနားရောက်နေမှ အိမ်ထိန်း အမျိုးသမီး Jaဆီက အော်ခေါ်သံကိုကြားလိုက်ရပါ၏။သူကားပေါ်မတက်သေးပဲ သူမထံကို လည်ပြန်ကြည့်လိုက်ရင်း
"ဘာကိစ္စလဲအန်တီ Ja..."
သူ့ရဲ့Bodyguard က စောလင့်ကတည်းက ကားတံခါးကိုဖွင့်ထားပေးပေမဲ့ Khun Buiက ကားပေါ်မတက်သေးဘဲ Jaနဲ့ စကားပြောနေတာကြောင့် ကားတံခါးကို အသာလေးပြန်ပိတ်ထားလိုက်သည်။
"Khun Chaiyaက သခင်လေးကို ညနေ ညစာအမှီ Khun Buiနဲ့ အတူခေါ်ခဲ့ဖို့မှာလိုက်ပါတယ်...."
"အန်တီJa ကိုယ်တိုင် ဖုန်းဆက်ပြီး ပြောလိုက်တာကောင်းမယ်...ကျွန်တော်ပြောရင် အဆင်မပြေလောက်ဘူး...."
"Khun Bui Kha Khun Buiနဲ့ သခင် လေးBleတို့ရဲ့ အိမ်ထောင်ရေး အဆင်မပြေတာ Jaနားလည်ပါတယ်...ဒါပေမဲ့ Khun Chaiya သတိမထားမိအောင် နေနေကြတာဆိုတော့ ညနေကျရင် Khun Chaiya ရှေ့မှာ အဆင်ပြေပြေရှိစေချင်လို့ပါ...."
"ကျွန်တော် နာလည်ပါပြီ....ညနေ့ သူ့ကိုပါအတူခေါ်ခဲ့မယ်..."
*_____*_____*_____*
~ဘုတ်~
"Err!"
Jeffက သူ့ရဲ့ အသစ်ယူလာတဲ့ ဖန်းသား နာမည်ကပ်ပြားကို အဝတ်စနဲ့သေသေချာချာ ပွတ်တိုက် သန့်ရှင်းနေတုန်း လက်စွဲအိတ်တစ်လုံးက သူ့အလုပ်စားပွဲပေါ်ကို အသံကျယ်ကျယ်နဲ့ ပြုတ်ကြလာတာကြောင့် အလန့်တကြားထအော်မိသည်။လက်ထဲမှာရှိနေတဲ့ ဖန်ပြားတောင် လွတ်ကျမတက်။
"Shiyaa....မင်းဘာဖြစ်လာတာလဲ မင်းလုပ်လို့ ဒီမှာကျကွဲတော့မယ်...."
Buiက Jeffလက်ထဲက နာမည်ကပ်ဖန်ပြားကို မြင်တော့
"သိပ် ဇီဇာချဲလွန်းတာပဲ...သစ်သားပြားက ဘာဖြစ်နေလို့လဲ..."
"ငါနဲ့သိပ်မလိုက်ဖက်ဘူးလိုခံစားရလို့..."
"အော်....."
"အလန့်တကြားတွေ ဘာဖြစ်လာတာလဲ..."
"ညကျရင် မိသားစုအတူတူထမင်းစားဖို့ရှိတယ်...အဘိုးကြီးပြန်ရောက်နေလို့....."
YOU ARE READING
Dark Paradises ( Rest )
Hayran KurguStart date -2.4.2023 End date- Episode 1မစခင် notice ကို သတိပြုဖတ်ပေးဖို့ တိုက်တွန်းချင်ပါသည်။