1.

4.7K 332 16
                                    

Unicode

     စကြာဝဠာရှိ ချစ်ခြင်းတရားတိုင်းဟာ အဆုံးသတ်လှကြပါရဲ့လား ။
လူနှစ်ဦးရဲ့ အပြန်အလှန် ချစ်ခြင်းတွေကို ဘယ်သူကများ အပြစ်ဒဏ်ခတ်လို့ ရနိုင်မှာတဲ့လဲ ။

"အချစ် ဘာတွေတွေးနေတာလဲ"

      ဂျွန်ရဲ့ အမေးကို သူခေါင်းခါလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ နေ့လည်က ဖတ်ခဲ့တဲ့ စာအုပ်ထဲက အကြောင်းအရာ တွေသာ ကြီးစိုးနေခဲ့သည်။

"ကိုကို .. ကျွန်တော် စာအုပ်တစ်အုပ်ကောက်ရထားတယ် "

"ဟင် ဟုတ်လား .. "

"ကျောင်းမှာ တစ်စုံတစ်ယောက်ကျကျန်ခဲ့ပုံပဲ"

      ဂျွန်က သူလှမ်းပေးလိုက်တဲ့ စာအုပ်ကို လှမ်းယူကြည့်ပြီး ထူးဆန်းနေသလို ။
စာအုပ်ကဟောင်းနေပြီး 1980လောက်က ဇာတ်လမ်း အကြောင်းအရာတွေရေးထားတာဖြစ်သည်။
စာရေးသူက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုလည်း မရေးထားခဲ့။

"ဖတ်ပြီးပြီလား"

"အင်း ကျွန်တော်ဖတ်ပြီးပြီ"

"ဒါဆို ကိုယ်ဖတ်ကြည့်လိုက်မယ်လေ .. အခုလောလောဆယ်တော့ အချစ်က အိပ်တော့ မနက်ကျ ကျောင်းသွားရဦးမှာကို"

"ဟုတ်ကဲ့ .. Good Night ကိုကို"

        စောင်ကို ရင်ဘတ်အထိ ဆွဲခြုံလို့ မျက်လုံးမှိတ်ထားလိုက်သော်လည်း မျက်လုံးထဲ ဝတ္ထုထဲက စာသားတွေဟာ တရေးရေး ပေါ်နေဆဲ ။
လမ်းမှာတွေ့တဲ့ စာအုပ်အဟောင်းလေးဟာ သူ့အား အိပ်မပျော်နိုင်တော့သည်အထိ လွှမ်းမိုး လွန်းလှပါသည်။

                      _________________

1980 ခုနှစ် ၊ ဒီဇင်ဘာလ ။

        အိမ်အောက်ထပ်ကရော အိမ်ရှေ့ကရော ဆူညံသံတွေကြားနေပေမယ့် သူ မျက်လုံးတွေကို စုံမှိတ်လို့သာ ခြုံထားတဲ့စောင်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားမိသည်။
       ဒီနေ့ဟာ ဝမ်အိမ်တော်ရဲ့ တရားဝင်သားဖြစ်တဲ့ ကိုကိုဝမ်ဟောက်ထျန်ရဲ့ စေ့စပ်ပွဲဖြစ်၍ အိမ်အောက်ထပ်မှာ လူစုံတက်စုံ။
အဖေက သူ့အား အိမ်အောက်ဆင်းမလာဖို့ပြောထားသဖြင့် အသံတွေကြားနေရသော်လည်း အခန်းထဲကနေ သူမထွက်ရဲပါ။

The Butterfly (Completed)Où les histoires vivent. Découvrez maintenant