(5)

41 6 0
                                    

စက္ကြာ အသက်ခေါ်လို့လိုက်လာခဲ့သည်။ သူမလေးက စက္ကြာပန်းတွေရှိရာနေရာသို့ခေါ်လာတာကြောင့်ဘာများပြောဖို့ပါလိမ့်လို့ တွေးနေ့စဉ် သူမလေးက စက္ကြာကိုမြတ်နိုးသည်ဟုပြောလာလေသည်။စက္ကြာလည်း သူမလေးကိုမချစ်ဟူ၍ လည်းမဟုတ် ချစ်သည်ဟူ၍လည်းမဟုတ်ပေ။ဒါကြောင့်
စက္ကြာစဉ်းစားဖို့အချိန်လိုပေသည်။သူမလေးစိတ်မကောင်းဖြစ်သွားတာလည်းသိပေမယ့် စက္ကြာကိုယ့်ကိုကိုယ်လည်းမသိပေ။

"ဘယ်လို အသက်စစ်ကိုင်းပြန်သွားပြီဟုတ်လား"

စက္ကြာသူငယ်ချင်းကျော်မိုးကပြောလည်မို့ စက္ကြာလည်းအံ့ဩသွားရသည်။ ဒီကောင်မလေးမဟုတ်မှ မနေ့ကစကားကြောင့် ဖြစ်နိုင်သည် စက္ကြာလိုက်သွားရင် ကောင်းမလားတွေးနေစဉ် ကျော်မိုးအသံကရင်ထဲ ဒိုင်းကနဲဖြစ်သွားစေသည်။

"အသက်ကို သူ့မိဘတွေက လူတစ်ယောက်နဲ့စေ့စပ်ခိုင်းဖို့လမ်းခေါ်တာတဲ့"

"ဟမ် ကျော်မိုး အသက်အိမ်လိပ်စာသိလား"

"သိတာပေါ့"
*အသက်ကိုယ်တိုင်ပြောသွားတာဘဲဟာ*ဆိုတာကိုတော့ စိတ်ထဲမှသာ‌ပြောလိုက်တော့သည်။

အသက်လိပ်စာသိသိပြီးချင်း စစ်ကိုင်းကားလတ်မှတ်ဖြတ်ကာ စစ်ကိုင်းသွားရန်ပြင်တော့သည်။
အဝတ်အစာတွေခပ်မြန်မြန်ထည့်ကာ ညတွင်းချင်းသွားတော့သည်။
စက္ကြာစစ်ကိုင်းရောက်တော့နောက်နေ့မနက် ၈နာရီပင်ထိုးနေပြီ။စက္ကြာလည်း ဗိုက်ဆာဆာနဲ့ကားဘူတာနားက အသုတ်ဆိုင်လေးမှာဝင်ထိုင်ရင်းအသုတ်စားရန်ပြင်တော့သည်။
ထိုစဉ် ရထားဘူတာနားလမ်းလျောက်လာသောအသက်ကိုမြင်၍ ပြေးဖက်လိုက်မိသည်။
အသက်မျက်နှာကလည်း အံ့ဩသွားသည့်နှယ်။အသက်တကယ်အံ့ဩသွားခဲ့သည် အစ်မညတွင်းချင်းလာမည် လို့လည်းမမျှော်လင့်ခဲ့။

"အသက် စက္ကြာလည်း အသက်ကို စက္ကြာပန်းတွေထက်မြတ်နိုးပါတယ်"

"တ...တကယ်လ အစ်မအသက်အိမ်မက် မက်နေတာမဟုတ်ပ်ဘူးနော်"

စက္ကြာအသက်ရဲ့ပါးပြင်လေးကို နမ်းရှိုက်လိုက်သည်။

"ကဲအိမ်မက်မဟုတ်ဘူး ယုံပြီလား"

အသက်ပါးပြင်ထက်က ခပ်နွေးနွေးကျန်ခဲ့သော နေရာသို့လက်နဲ့ဖိကာ ကြောင်ရပ်နေမိသည်။

(Complete)မေတ္တာကြိုးလေးဖြင့်သာချည်နှောင်ပါမည်Where stories live. Discover now