အပိုင်း(၁)

165 3 0
                                    

ခင်သစ္စာဖြူဆိုတဲ့မိန်းမက ဘယ်ယောကျာ်းရဲ့ လက်အောက်ကိုမှခေါင်းငုံဝင်ခံမယ့် မိန်းမမျိုး
မဟုတ်ဘူးဆိုတာ ရှင်တို့တွေသိထားသင့်တယ်!
                            _ _ _
            
              ၁၉၆၄ခုနှစ်၊ဂျွန်လ၂၄ရက်နေ့

"ဝင်းမောင်!နင်ငါ့ကိုဘာစကားမှပြန်မပြောနဲ့ မိထွေးကမိထွေးဘဲ ဘယ်တော့မှ မိခင်အရင်း
ဖြစ်မလာဘူး!နင်အဲ့မိန်းမနဲ့ဆက်ပေါင်းမယ်ဆို
ရင် ခင့်ကိုငါ့စီမှာပဲထားခဲ့ ခင့်ကိုနင်နဲ့ထည့်မပေးနိုင်ဘူး!"

"ခင်က ကျွန်တော့်ရဲ့သမီး..ကျွန်တော့်သမီးကို
ကျွန်တော်ပိုင်တယ် အမေဝင်စွတ်ဖက်စရာ မလိုပါဘူး အမေ့ရဲ့အတ္တတွေကို တော်သင့်ပြီထင်
တယ်!"

"နင်ငါ့အိမ်ကအခုချက်ချင်းထွက်သွား!"

မြနန္ဒာစံအိမ်ထဲက သားမိနှစ်ယောက်ရန်ဖြစ်တဲ့အသံဟာ ဟိန်းထွက်လို့နေသည်။ ဒေါက်တာ
ဝင်းမောင်ကတော့ မိန်းမတစ်ယောက်အတွက်
နှင့်မိခင်ဖြစ်သူ ဒေါ်မြနန္ဒာကိုပြန်ခံပြောနေ
သည်။အမြဲတမ်းအတ္တကြီးပြီး လူတွေကို
အထင်သေးတဲ့မျက်လုံးနှင့်ကြည့်တတ်တဲ့ဒေါ်မြနန္ဒာဟာ သူ့သားကြောင့် မျက်နှာထက်မှာ မျက်ရည်တွေနှင့်ရွဲလို့နေသည်။

အခန်းထဲကနေ အရုပ်လေးပိုက်ပြီး ထွက်လာတဲ့ခင့်ကိုမြင်တာနှင့် ဒေါ်မြနန္ဒာတစ်ယောက် ခင့်ကိုပြေးဖက်လိုက်သည်။

"ဖွားဖွားကြီး..ဖေဖေရော"

အသက်၄နှစ်ရွယ်ကလေးမလေးက သူ့ရဲ့
ပါးချိုင့်သေးသေးလေးတွေနစ်ဝင်တဲ့အထိပြုံးပြပြီး သူ့အဖေကိုမေးနေရှာသည်။

"ခင်...သမီးဖေဖေက ဖွားဖွားတို့ကိုထားသွားပြီ မိန်းမတစ်ယောက်အတွက်နှင့် သူဘယ်တော့မှ ဖွားဖွားတို့ဆီကိုပြန်လာမှာမဟုတ်ဘူး"

ဒေါ်မြနန္ဒာရဲ့အသံတွေဟာ တုန်ရီလို့နေသည်။

"ဟင့်...ဖွားဖွားကြီးလိမ်နေတာ ဖေဖေက ခင့်ကိုအရမ်းချစ်တာ ဟင့်..."

"တိတ်စမ်း ခင်! ဖွားဖွားက ငိုတဲ့သူတွေကို
မကြိုက်ဘူး မိန်းကလေးတစ်ယောက်က ဘယ်တော့မှ သူ့ရဲ့မျက်ရည်တွေကို အလကားသက်သက် မကျရဘူး"

ဇီဇဝါလေးရဲ့ ဇာတ်သိမ်းWhere stories live. Discover now